သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မိုးကုတ်မြို့အနောက်ပိုင်း ဝင်းထရံလုပ်ကွက်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲမှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိ

မိုးကုတ်မြို့အနောက်ပိုင်း ဝင်းထရံလုပ်ကွက်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲမှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိ

Hsan Loi Editor
10/02/2025
Share:

 

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အနောက်ပိုင်းကို စစ်ကောင်စီက လေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၂၀ဦးခန့် ဒဏ်ရာရရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရပါတယ်။

 

ယမန်နေ့ ညသန်းခေါင်(၁၂)နာရီကျော်အချိန်က မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဝင်းထရံလုပ်ကွက်မှာ လေကြောင်းနဲ့ ဗုံး(၇)ကြိမ်ခန့် လာရောက်ကြဲခဲ့တယ်လို့ မိုးကုတ်မြို့ ခံတွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမပတ်ကလည်း မိုးကုတ်မြို့ကို စစ်ကောင်စီက Y-12 လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူသေဆုံးမှုမရှိပေမယ့် နေအိမ် (၅)လုံးနဲ့ ဘုန်းကြီးကြောင်းများ ထိခိုက်ပျက်စီးခဲ့ပါတယ်။

 

မိုးကုတ်မြို့ကို ယမန်နှစ် ဇူလိုင်လအတွင်းက TNLA နဲ့ MDY-PDF ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး အုပ်ချုပ်ရေးယန္တရားဖော်ဆောင်နေတဲ့ မြို့လည်းဖြစ်ပါတယ်။