KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုင်းလားမှာ ဖမ်းဆီးရမိတဲ့ ယွမ် ၁၀ သိန်းခန့်ရှိ ကျားဖြန့် စက်ပစ္စည်းများ မီးရှို့ဖျက်ဆီး

မိုင်းလားမှာ ဖမ်းဆီးရမိတဲ့ ယွမ် ၁၀ သိန်းခန့်ရှိ ကျားဖြန့် စက်ပစ္စည်းများ မီးရှို့ဖျက်ဆီး

Hsan Loi Editor
05/11/2025
Share:
သျှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလားမြို့မှာ ဖမ်းဆီးရမိတဲ့ ကျားဖြန့်လုပ်ငန်းဆိုင်ရာ စက်ပစ္စည်း ၁ သောင်းခန့်အား အောက်တိုဘာလ ၃၁ ရက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Mongla SR4 သတင်းပြန်ကြားရေးဌာနက ယနေ့မှာ ထုတ်ပြန်ထားပါတယ်။May be an image of text
Photo – SR4
အထူးဒေသ(၄) ရဲတပ်ဖွဲ့ဝင်များ၏ ကြပ်မတ်စောင့်ကြည့်မှုအောက်မှာ ဖမ်းဆီးရမိထားတဲ့ ကျားဖြန့် လုပ်ငန်းဆိုင်ရာ စက်ပစ္စည်းတွေဖြစ်တဲ့ ဆဲလ်ဖုန်း၊ ကွန်ပျုတာ၊ Router စတဲ့ စက်ပစ္စည်း ၁ သောင်းခန့်ကို စက်ကြီးများနဲ့ နင်းချေဖျက်ဆီးပြီး မီးရှို့လိုက်တယ်လို့ ဖော်ပြထားပါတယ်။
May be an image of clarinet, speaker and text that says 'SK4 SRA·ESS SS ရှမ်းပြည် ရှမ်းပြည်နယ်အရှေ့ပိုင်း အထးဒေသ )9( ကျားဖြန့် ဖြန့်လုပ်ငန်းဆိုင်ရာ စက်ပစ္စည်းများ ဇက်မ္ည်းမျးသိမနးမညးကျက်းြု သိမ်းဆည်းဖျက်ဆီးခြင်း အခမ်းအနား 缅甸掉邦东部第四特区集中销 旬 掉 邦东部第四特区集中铺毀涉养电子设备仪式! 中销毀涉许电子设备仪式 缅 Monela SR4 News Agency'Photo – SR4
ယခုတကြိမ် စုပေါင်းဖျက်ဆီးလိုက်တဲ့ ပစ္စည်းခန့်မှန်းတန်ဖိုးမှာ တရုတ်ယွမ်ငွေ ၁၀ သိန်းခန့်ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါ စက်ပစ္စည်းအားလုံးဟာ အထူးဒေသ(၄) ရဲတပ်ဖွဲ့က ကျားဖြန့်စခန်းများကို ဖမ်းဆီးရာမှ သိမ်းဆည်းရရှိခဲ့တာဖြစ်ပြီး ယခုလို ဖျက်ဆီးလိုက်ခြင်းသည် ကျားဖြန့်လုပ်ငန်း နှိမ်နင်းမှုဆိုင်ရာ အောင်မြင်မှု ရရှိကြောင်းကို သက်သေပြနေပြီး ဒေသအစိုးရအနေဖြင့် “ ကျားဖြန့်လုပ်ငန်းကို ပြင်းထန်စွာ နှိမ်နင်းသွားမည်” ဆိုတဲ့ ဆုံးဖြတ်ချက်အား ပြည်သူများထံ အသိပေး လိုက်ခြင်းပင်ဖြစ်တယ်လို့ ဆိုပါတယ်။May be an image of text
Photo – SR4
အထူးဒေသ(၄) သည် တရုတ်နိုင်ငံမှ တရားစီရင်ရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကာ နယ်စပ်ဖြတ်ကျော်၍ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်မှု မြင့်တက်လာခြင်းကို ထိန်းချုပ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သလို နယ်မြေဖြတ်ကျော် တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှုကို လေးနက်စွာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများ၏ အခြေစိုက်စခန်းများကို အမြစ်ဖြတ်သုတ်သင်နိုင်အောင် မရပ်မနား ကြိုးပမ်းအားထုတ် သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
May be an image of road and textPhoto – SR4