သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မိုင်းရယ်မြို့နယ် မိုင်းဟဒေသအတွင်း တရုတ်နှင့် ဗီယက်နမ်နိုင်ငံသားအပါအဝင် ကျားဖြန့်လုပ်ငန်း ဆောင်ရွက်နေသူ (၈၁)ဦးနဲ့အတူ ဆက်စပ်ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရမိပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်

မိုင်းရယ်မြို့နယ် မိုင်းဟဒေသအတွင်း တရုတ်နှင့် ဗီယက်နမ်နိုင်ငံသားအပါအဝင် ကျားဖြန့်လုပ်ငန်း ဆောင်ရွက်နေသူ (၈၁)ဦးနဲ့အတူ ဆက်စပ်ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရမိပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်

Hsan Loi Editor
08/02/2025
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်ရှိ မိုင်းဟဒေသအတွင်းတွင် ဖေဖော်ဝါရီလ (၅)ရက်နေ့မှ (၇)ရက်နေ့အထိ တရုတ်နှင့် ဗီယက်နမ်နိုင်ငံသား အပါအဝင် တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်း ဆောင်ရွက်နေသူ (၈၁)ဦး နဲ့ ဆက်စပ်ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်ထား ပါတယ်။

 

မိုင်းရယ်မြို့နယ် မိုင်းဟဒေသမှာ (၃)ရက်တာအတွင်း တရုတ်နိုင်ငံသား အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၂ ဦး၊ ဗီယမ်နမ်နိုင်ငံသား အမျိုးသမီး ၁၈ ဦးနဲ့ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂၉ ဦး၊ စုစုပေါင်း (၈၁) ဦး ဖမ်းဆီးရမိခဲ့ပြီး ကျားဖြန့်လုပ်ငန်းများ ဆောင်ရွက်ရာမှာ အသုံးပြုတဲ့ ဖုန်းမျိုးစုံ ၂၆၀ လုံး၊ ကွန်ပျုတာ ၁၁၈ လုံး၊ Starlink ၇ စုံ၊ Wifi စက် ၂ လုံး၊ ငါးဂိမ်းစက် ၅ လုံးနဲ့ မော်တော်ယာဥ် ၃ စီး ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့များ ဝင်ရောက်ရှာဖွေစဥ် မိုင်းရယ်မြို့ အရှေ့တောင်ဘက်ဝန်းကျင်မှာ ကျားဖြန့်လုံခြုံရေးအဖွဲ့များနဲ့ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ကျားဖြန့်လုံခြုံရေးအဖွဲ့မှ အလောင်း ၂ လောင်းနဲ့အတူ လုံခြုံရေး ၅ ဦးနဲ့ လက်နက်မျိုးစုံ ဖမ်းဆီးရမိတယ် လို့ ဆိုပါတယ်။

 

ဖမ်းဆီးရမိတဲ့ ပြည်ပနိုင်ငံသားများကို လူသားချင်းစာနာထောက်ထားမှုနဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ရှေးရှုပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ဖို့ ဆောင်ရွက်သွား မှာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ နယ်စပ်ဒေသက ကျားဖြန့်လုပ်ငန်းများ တားဆီးကာကွယ် တိုက်ဖျက် နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ က ထုတ်ပြန်ထား ပါတယ်။