သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ ကနေ တပည့်ဒါယကာများနဲ့အတူ ဒီကနေ့မှာ ငလျင်ဘေးသင့် ဒေသတွေဆီ ကူညီထောက်ပံ့ရေးခရီးစဥ်စတင်ကြွချီ ခဲ့တယ်လို့မိုင်းဖုန်းဆရာတော်ရဲ့ တပည့်ဒါယိကာ တွေဆီကသိရပါတယ် ။
” မိုင်းဖုန်းဆရာတော်နဲ့အတူ အလှုရှင်တွေ ၊ တပည့်ဒါယိကာ/မတွေ လူတစ်ရာနီးပါးနဲ့ မော်တော်ယဥ် အစီး ၄၀ လိုက်ပါကြမှာဖြစ်ပါတယ်၊ ငလျင်ဘေးသင့်ပြည်သူတွေ အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတွေကိုတော့ မနေ့ညကတည်းက အရောက်ပို့ထားပေးပြီးပါပြီ ” လို့ ဆရာတော်ရဲ့ တပည့်ဒါယကာမ တစ်ဦးကပြောပါတယ် ။
ဆရာတော်ဟာ ဒီကနေ့မှာ တောင်ကြီး ဗုဒ္ဓ တက္က သိုလ် SSBU သို့ ကြွရောက်တရားရေအေးတိုက်ကျွေးမေတ္တာပို့ သ မေတ္တာခံယူပြီး ညောင်ရွှေမြို့ ကိုကြွချီသွားတယ်လို့ သိရပါတယ် ။
မိုင်းဖုန်းဆရာတော် ဟာ ငလျင်ဘေသင့်ခဲ့တဲ့ တောင်ကြီး ၊ညောင်ရွှေ ၊ မန္တလေး၊ ပြင်ဦးလွင် ၊ စစ်ကိုင်း၊ နေပြည် တော် အပြင် အပြန်ခရီးစဥ်အနေနဲ့ ရန်ကုန်မြို့ကိုလည်းကြွရောက်မယ်လို့ သိရပါတယ် ။
စစ်ကိုင်းငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူတွေကို မေတ္တာပို့သဖို့အတွက် ဆရာတော်ဘုရားဟာ ဧပြီလအတွင်း စင်ကာပူကြွရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ငေါင်းဂူမှာ အဓိဌာန်ဝင်ကာ ငလျင်ကြောင့် ထိခိုက်သေဆုံးသူတွေကို မေတ္တာပို့သခဲ့တယ်လို့ သိရပါတယ် ။
