သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မိုင်းပျဉ်း-ကျိုင်းတုံ သွားလမ်းရှိ ၁၂ဘီး ယာဉ်ပေါ်တွင် ငွေကျပ် (၄.၈)ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၆၀၃ ကီလို ဖမ်းဆီးရမိ 

မိုင်းပျဉ်း-ကျိုင်းတုံ သွားလမ်းရှိ ၁၂ဘီး ယာဉ်ပေါ်တွင် ငွေကျပ် (၄.၈)ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၆၀၃ ကီလို ဖမ်းဆီးရမိ 

Hsan Loi Editor
11/07/2024
Share:

 

သျှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် မိုင်းပျဉ်း-ကျိုင်းတုံ သွားလမ်းရှိ ၁၂ဘီး ယာဉ်ပေါ်တွင် ငွေကျပ် (၄.၈) ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၆၀၃ ကီလို ဖမ်းဆီးရမိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇူလိုင်လ(၈)ရက် ညနေ(၆)ခွဲအချိန်တွင် သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းရွာအနီးတွင် မိုင်းပျဉ်းဘက်မှ ကျိုင်းတုံဘက်သို့ စိုင်းလင်းဦး မောင်းနှင်လာသည့် (၁၂)ဘီးယာဉ်ပေါ်တွင် စစ်ဆေးရှာဖွေရာ ပြောင်းအိတ်ဖြင့် ဖုံးအုပ်သယ်ဆောင်လာသော အိုက်စ်(မက်သ်အဖက်တမင်း) (၆၀၃)ကီလို (ကာလတန်ဖိုးငွေ ကျပ် ၄.၈၂၄ ဘီလီယံ) သိမ်းဆည်းရမိကြောင်း CCDAC မှ ဖော်ပြထားပါသည်။

 

အဆိုပါ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ စိုင်းလင်းဦး အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။