သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မိုင်းပန်မြို့မှာ စစ်ကောင်စီမှ တပ်ဆင်ထားတဲ့ CCTV များ ခိုးယူခံရသည့်အပြင် အချို့နေရာများတွင် ဖျက်ဆီးခံရဟုဆို

မိုင်းပန်မြို့မှာ စစ်ကောင်စီမှ တပ်ဆင်ထားတဲ့ CCTV များ ခိုးယူခံရသည့်အပြင် အချို့နေရာများတွင် ဖျက်ဆီးခံရဟုဆို

Hsan Loi Editor
03/01/2025
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့ရှိ လမ်းဆုံလမ်းခွများမှာ စစ်ကောင်စီက တပ်ဆင်ထားသည့် CCTV များ ခိုးယူခံရသည့်အပြင် အချို့နေရာများတွင် ထုခွဲဖျက်ဆီးပစ် ခံရကြောင်း သိရသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းက လူစည်ကားရာနေရာနှင့်မြို့ဝင်မြို့ထွက်နေရာမှာ တပ်ဆင်ထားသည့် CCTV များ ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

 

“မွေတော်ကျောင်းလမ်းဆုံနားမှာ တပ်ထားတဲ့ CCTV က မိုးပေါ်ကို ထောင်ပြီး လှည့်ပစ်တယ် သူ့အောက်က စက်ကိုတော့ ထုခွဲဖျက်ဆီးပစ်တာတွေ့ရတယ်ပေါ့၊ နတ်စင်နား (စဝ်မှိုင်းလုံ) နားမှာဆို CCTV နဲ့ ဆက်စပ်တဲ့ဟာ အကုန်ဖြုတ်ယူသွားတယ်၊ ဘာမှမကျန်ဘူး” လို့ ဒေသခံတစ်ဦးက Hsan Loi Voice ကို ပြောသည်။

 

မိုင်းပန်မြို့မှ CCTV သည် (၃၈)လုံးရှိပြီး နေရာ (၈)နေရာမှာ တပ်ဆင်ထားကာ ယခု ခိုးယူဖျက်ဆီးခံရသည့် နေရာမှအပ အခြားနေရာများကိုတော့ ဖျက်ဆီးခြင်း မရှိဘူးလို့ သိရပါသည်။

 

ပျောက်ဆုံးသွားသော CCTV များကို ထွေ/အုပ်နှင့် လုံခြုံရေး တာဝန်ရှိသူများက လိုက်လံရှာဖွေ နေကြောင်း သိရသည်။

 

မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူများ ခြေရာခံဖမ်းဆီးဖို့ဆိုသည့် အကြောင်းပြပြီး အင်အား လျှော့နည်းလာသည့် စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များ၏ မြို့အဝင်အထွက် စောင့်ကြည့်နိုင်ဖို့ စီမံချက်ချကာ သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းတွင် CCTV များ လိုက်လံတပ်ဆင်ထားကြောင်း သိရပါသည်။