သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မိုင်းပန်တွင် ဒေသန္တရအုပ်ချုပ်ရေးသင်တန်း အပတ်စဉ် ၁/၂၄ သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဌ တက်ရောက်

မိုင်းပန်တွင် ဒေသန္တရအုပ်ချုပ်ရေးသင်တန်း အပတ်စဉ် ၁/၂၄ သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဌ တက်ရောက်

Hsan Loi Editor
21/12/2024
Share:

 

ယနေ့ ဒီဇင်ဘာလ ၂၁ ရက် နံနက်(၁၀း၀၀)နာရီ တွင် RCSS/SSA မှ ဒေသန္တရ အုပ်ချုပ်ရေးသင်တန်း အပတ်စဉ်(၁/၂၄) သင်တန်းဆင်းပွဲကို သျှမ်းပြည် နယ် တောင်ပိုင်း၊ မိုင်းပန်မြို့နယ်တွင် ကျင်းပသွားကြောင်း သိရသည်။

 

သင်တန်းဆင်းပွဲတွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က RCSS/SSA ၏ ရည်ရွယ်ချက်များနှင့်အညီ သင်တန်းလှစ်ရခြင်းအ‌ကြောင်းနှင့် နယ်မြေဖွံဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကာကွယ် ရေး စသည့် စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များနှင့် တာဝန်ရှိသူများအား မှာကြားသွားကြောင်း သိရသည်။

 

ဒေသန္တရအုပ်ချုပ်ရေးသင်တန်း ပထမအသုတ်အနေဖြင့် ယခုလ ဒီဇင်ဘာလ(၄)ရက်မှ ဒီဇင်ဘာလ (၂၀)ရက်နေ့အထိ ၂ ပတ် ကျော်ကြာ ပို့ချသင်ကြားပေးပြီး RCSS ၏ အုပ်ချုပ်ရေးနယ်မြေဖြစ်သည့် နယ်မြေ ၁ မိုင်းပန်၊ နယ်မြေ ၂ ကျိုင်းတောင်း၊ နယ်‌မြေ ၃ လင်းခေး၊ နယ်မြေ ၄ မိုးနဲ ,မောက်မယ်၊နယ်မြေ ၅ မိုင်းပွန် , လွယ်လင်၊ နယ်မြေ ၁၁ သျှမ်းရှေ့၊ နယ်မြေ ၁၂ ကာလိ ,ကွန်ဟိန်းနှင့် နိုင်ငံရေးဌာနတို့မှ သင်တန်းသား (၁၁၈)ဦး တက်ရောက်ကြောင်း စစ်ရေးသတင်းရင်းမြစ်မှ သိရသည်။

 

Photo – Tai Freedom