မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်တွင် ငွေကြေးအခက်အခဲကြောင့်ဟုဆိုကာ အဒေါ်ဖြစ်သူနဲ့ တူမဖြစ်သူ တို့ကို သံရိုက်တူနဲ့ ထုသတ်ပြီး ရွှေ ၁၀ ကျပ်သား နဲ့ ငွေကျပ်သိန်း ၁၀၀ ယူဆောင်သွားတဲ့ အလယ်တန်းပြ ဆရာမ တစ်ဦးကို အောက်တိုဘာလ ၂၆ ရက်မှာ ဖမ်းဆီးရမိ တယ်လို့ စစ်ကောင်စီရဲ့ သတင်းဌာနက ယမန်နေ့ကထုတ်ပြန်ထားပါတယ်။
ဖြစ်စဥ်မှာ အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီအချိန်တွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၂)ရပ်ကွက်၊ လမ်း ၇၀(A)၊ ၁၀၇ နဲ့ ၁၀၈ လမ်းကြားရှိ အိမ်အမှတ် (၁၇၂) နေအိမ်မှာ နေအိမ်ပိုင်ရှင် အငြိမ်းစား စာကြည့်တိုက်မှူး ဒေါ်ခင်စိုးမြင့် (၈၄)နှစ်ကို ဧည့်ခန်းအတွင်းရှိ ထိုင်ခုံပေါ်တွင် ဦးခေါင်းပေါက် ပြဲဒဏ်ရာနဲ့ သေဆုံးနေပြီး အတူနေ မြေးဖြစ်သူ ဒေါ်အေးအေးခိုင် (၃၆)နှစ်အား ခုတင်ပေါ်တွင် ဦးခေါင်း ပေါက်ပြဲဒဏ်ရာရရှိထားတာကို တွေ့ရှိရပြီး ပြစ်မှူကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးဖို့ အမှတ်(၁၁) နယ်မြေရဲစခန်းမှာ အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြစ်မှုကျူးလွန်သူကို အောက်တိုဘာလ ၂၆ ရက် ညနေ ၅ နာရီကျော်အချိန်မှာ အခင်းဖြစ်နေအိမ်သို့ ပြန်လည်ရောက်ရှိလာစဥ် ဖမ်းဆီးရမိပြီး ကျူးလွန်သူမှာ သေဆုံးသူရဲ့ တူမတော်စပ်သူ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၃)၊ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းမှာ တွဲဘက်တာဝန်ထမ်းဆောင်နေတဲ့ လယ်/ပြ ဆရာမ မစိုးစိုးထွန်း ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတရားခံ၏ ထွက်ဆိုချက်အရ နွားထိုးကြီးမြို့နယ်မှ ယာယီနေရပ်စွန့်ခွာပြီး ပြင်ဦးလွင်မြို့မှာ အိမ်ငှားရမ်းနေထိုင်ရပြီး ငွေကြေးအခက်အခဲများစွာရှိခဲ့ကာ ၎င်း၏ အဒေါ်တော်စပ်ပြီး မိသားစုလိုရင်းနှီး တဲ့ ဒေါ်ခင်စိုးမြင့် မှ နေအိမ်ရောင်းချသည်ကို သိရှိပြီး ငွေချေးယူရာ အဒေါ်ဖြစ်သူက ငွေအကျေ အလည် ရရှိပါက စီစဥ်ပေးပေးမယ်လို့ပြောပေမယ့် ၎င်းရဲ့ အခက်အခဲကို ဆောင်ရွက်ပေးတာမရှိဘူးလို့ ဆိုပါတယ်။
ဒါကြောင့် အောက်တိုဘာလ ၂၄ ရက်မှာ အဒေါ်ဖြစ်သူ နေအိမ်မှာ ရောက်ရှိနေထိုင်ပြီး နောက်တနေ့ သူမရဲ့ အဒေါ်နဲ့ တူမတော်စပ်သူတို့ စျေးဝယ်ထွက်ပြီးအပြန် နေ့လည်စာပြီး အိပ်ပျော်နေတဲ့ တူမကို သံရိုက်တူနဲ့ ထုရိုက်ပြီး ထိုင်ခုံမှာထိုင်နေတဲ့ အဒေါ်ဖြစ်တူရဲ့ ဦးခေါင်းကိုပါ ထုရိုက်ခဲ့ကာ အခန်းတွင်းရှိ ရွှေ ၁၀ ကျပ်သားတုံး ၁ တုံးနဲ့ ငွေကျပ်သိန်း ၁၀၀ ယုဆောင်ပြီး ပြင်ဦးလွင်သို့ ပြန်လာကာ ရွှေတုံးများ ရောင်းချပြီး ချေးထားတဲ့ ငွေကြေးများ ပြန်လည်ပေးဆပ်သုံးစွဲခဲ့တယ်လို့ စစ်ဆေးဖော်ထုတ် သိရှိရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိတဲ့ တရားခံဖြစ်သူ အလယ်တန်းပြဆရာမကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့် ပြီး ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။