ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်မှ ဆရာဝန်တစ်ဦးအား ပြန်ပေးဆွဲ သတ်ဖြတ်သွားသော တရားခံ ၂ ဦး အား သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိ‌

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်မှ ဆရာဝန်တစ်ဦးအား ပြန်ပေးဆွဲ သတ်ဖြတ်သွားသော တရားခံ ၂ ဦး အား သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိ‌

Hsan Loi Editor
21/12/2024
Share:

 

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်မှ ဒေါက်တာ အောင်မြင့်မြတ်ထွန်း ‌အား ပြန်ပေးဆွဲ သတ်ဖြတ်သွားသော တရားခံ ၂ ဦးဖြစ်တဲ့ ဒေါက်တာအောင်ဇင်ဖြိုးနှင့် ၎င်း၏ ဆေးခန်းအကူ လွမ်းဇင်‌ အောင် တို့အား သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိ‌ကြောင်း သက်ဆိုင်ရာက ယမန်နေ့ကထုတ်ပြန်ထားသည်။

 

တရားခံ ဒေါက်တာအောင်ဇင်ဖြိုးသည် အွန်လိုင်း လောင်းကစားများပြုလုပ်ကာ အကြွေးများတင်ပြီး ငွေကြေးလိုအပ်ချက်အရ သူငယ်ချင်းဖြစ်သူ ဆရာဝန်အား ပြန်ပေးဆွဲသတ်ဖြတ်ကာ ၎င်းမိဘထံမှ ငွေကျပ် သိန်း ၃ ထောင် တောင်းခံကြောင်း သိရသည်။

 

ပြန်ပေးဆွဲခြင်းမှ လာရသောငွေများကို Canda 125 ဆိုင်ကယ် ၁ စီး၊ Scoopy ဆိုင်ကယ် ၁ စီးနှင့် Honda Insight ကား ၁ စီး ဝယ်ယူပြီး သေဆုံးသူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း ၏ ကားဖြင့် သယ်ယူကာ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းနှင့် ၇၈ လမ်းကြားရှိ ရေမြောင်းထဲသို့ ပစ်ချထားကြောင်း သိရသည်။

 

ပြစ်မှုကျုးလွန်သူ အောင်ဇင်ဖြိုးနှင့် လွမ်းဇင်အောင် တို့ ၂ ဦး အား ဥပဒေနှင့်အညီ ထိရောက်သော ပြစ်ဒဏ်ရရှိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ထားသည်။