မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ၅၇ x ၅၈ လမ်းကြားရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းအတွင်း၌ ယနေ့လူငယ်များအကြား ခေတ်စားနေသည့် စိတ်ပြောင်းဆေးဝါးတစ်မျိုးဖြစ်သည့် Happy Water များ ရှာဖွေတွေ့ရှိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၏ ဖော်ပြချက်အရသိရသည်။
ဖြစ်စဉ်တွင် ကားဂိတ်ထံ ပစ္စည်းလာရောက်ထုတ်ယူသူ စိုင်းဆိုင်လှိုင်းနွံအား စစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့မှ ရှာဖွေစစ်ဆေးရာမှ စက္ကူဂျပ်ဖာတစ်ခုအတွင်း စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသော အမှုန့် (Happy Water) အလေးချိန် ၁.၅၂ ကီလို ငွေကျပ်တန်ဖိုး (၁၈၂၄ သိန်း) အား တွေ့ရှိခဲ့ကြောင်း သိရသည်။
စိတ်ပြောင်းဆေးဝါးတစ်ခုဖြစ်သည့် Happy Water ခေါ် ဆေးမှုန့်သည် ယနေ့ခေတ်လူငယ်များအကြား ရေပန်းစားနေသည့် မူးယစ်ဆေးတစ်ခုဖြစ်သည်။
photo credit & original uploader