တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော 

မတ်လမှာ တတိယအကြိမ်လွှတ်တော်အစည်းအဝေး စတင်ရန် စစ်ကော်မရှင်ခေါ်ယူ

မတ်လမှာ တတိယအကြိမ်လွှတ်တော်အစည်းအဝေး စတင်ရန် စစ်ကော်မရှင်ခေါ်ယူ

Hsan Loi Editor
24/02/2026
Share:
တတိယအကြိမ်လွှတ်တော်အစည်းအဝေးကို လာမယ့် မတ်လအတွင်း နေပြည်တော်မှာ စတင်ကျင်းပရန် ခေါ်ယူကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ)က ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။
မတ်လ ၁၆ ရက် နံနက် ၁၀ နာရီမှာ တတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပမှာဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က ခေါ်ယူတာြဖစ်ပါတယ်။
မတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီမှာ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ကို နေပြည်တော်မှာ ကျင်းပမှာဖြစ်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမှုဆောင်ချုပ် အောင်လင်းဒွေး က ခေါ်ယူတာဖြစ်ပါတယ်။
ဒါ့အပြင် တတိယအကြိမ် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကိုတော့ မတ်လ ၂၀ ရက်နေ့မှ စတင်ကျင်းပမယ်လို့ ကာ/လုံ က ထုတ်ပြန်ထားပါတယ်။
ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း စလုံးမှာ စစ်တပ်ကျော ထောက် နောက်ခံပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ(USDP) က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အမတ်နေရာ စုစုပေါင်း ၃၃၉ နေရာအထိ အနိုင်ရရှိထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။