သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မင်းတပ်မြို့ရှိ စစ်ကောင်စီတပ်စွဲထားသော နေရာ (၂) နေရာအား CDF မှ တိုက်ခိုက်မှုပြုလုပ်ခဲ့

မင်းတပ်မြို့ရှိ စစ်ကောင်စီတပ်စွဲထားသော နေရာ (၂) နေရာအား CDF မှ တိုက်ခိုက်မှုပြုလုပ်ခဲ့

Hsan Loi Editor
19/06/2023
Share:

 

ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာ (၂) ခုအား ချင်းကာကွယ်ရေးတပ် (CDF) မှ ယနေ့ ဇွန်လ (၁၉) ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ CDF ဝင်ရောက်တိုက်ခိုက်ခဲ့သော နေရာ (၂) နေရာသည် မင်းတပ်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနေရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးအနီးရှိ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းတပ်အခြေစိုက် ခလရ (၂၇၄) တပ်မှတဆင့် ကျေးရွာများဘက်ကို လက်နက်ကြီးများ ရမ်းသမ်းပစ်ခဲ့ကြောင်း သိရသည်။

 

နှစ်ဖက်ထိခိုက်မှုကိုတော့ မသိရသေးပါ။