မကွေးတိုင်းဒေသအတွင်းရှိ PDF အဖွဲ့များအား သင်တန်းဆင်းပွဲတွင် လက်နက်တပ်ဆင်ပေးခဲ့ကြောင်း ယနေ့ မတ်လ (၂၉) ရက်နေ့တွင် NUG က ထုတ်ပြန်ဖော်ပြခဲ့သည်။
မကွေးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) လက်နက်တပ်ဆင်မှုသင်တန်းနှင့် စစ်ရေးလေ့ကျင့်ခြင်းကို မတ်လ (၂၇) ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကာလအတွင်း၌ လက်နက်ငယ်၊ လက်နက်ကြီး ကျွမ်းကျင်မှုဘာသာရပ်တွေ၊ Drone နှင့် စနိုက်ပါ သင်တန်းများကိုထည့်သွင်းသင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။
photo credit & original uploader
