သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မကြာသေးမီက ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံ ဆီချွမ်ပြည်နယ်ထဲက တံတားအသစ် ကျိုးကျ

မကြာသေးမီက ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံ ဆီချွမ်ပြည်နယ်ထဲက တံတားအသစ် ကျိုးကျ

Hsan Loi Editor
13/11/2025
Share:
မကြာသေးမီက ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဆီချွမ်ပြည်နယ်နဲ့ တိဗက်ဒေသကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးပေါ်ရှိ ဟုန်ချိတံတားဟာ ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်က ကျိုးကျပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
တံတားဧရိယာတဝိုက်မှာ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အရှည် ၇၅၈ မီတာရှိတဲ့ ဟုန်ချိတံတားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်က နေ့လည်ပိုင်းက ယာဥ်ဖြတ်သန်းခွင့် ကြိုတင်ပိတ်ခဲ့တဲ့အတွက် လူထိခိုက် သေဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
May be an image of tornado
တံတားတည်ဆောက်မှုကို ယခုနှစ်အစောပိုင်းတွင် ပြီးစီးခဲ့ပြီး ဖွင့်လှစ်ထားတာ လပိုင်း လောက်သာ ရှိသေးကာ ယခုလို တံတားကျိုးကျသွားမှုကြောင့် တံတားကို ဘယ်အချိန် ပြန်လည်ပြင်ဆင် ဖွင့်လှစ်သွားမယ်ဆိုတာ မခန့်မှန်းနိုင်သေးဘူးလို့ တံတားတည်ဆောက်တဲ့ ကန်ထရိုက်တာ ဆီချွမ် လမ်းနှင့်တံတား အုပ်စုက ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြထားပါတယ်။