မတ်လ ၁၆ ရက် ယမန်နေ့က ထိုင်းနိုင်ငံ၊ ပရကျင်းပူးရီမြို့နယ်၊ ကောင်ထိုင်းဈေး ကြက်ဥ လက်လီလက်ကား ရောင်းနေသည့် ဈေးသည်တဦး
ဘတ် ၆ သန်း ပထမဆု ပေါက်သွားခဲ့ပါသည်။
ဝမ်းသာ၍ ကြက်ဥ၊ ဘဲဥ၊ ဖီတန်ဥတို့ကို အကဒ်လိုက် အလကား ဝေလိုက်ရာ ကဒ် ၅၀၀ ခန့် ကုန်သွားခဲ့သည်။ နောက်ထပ် ကားတစီးစာ အလကားဝေဦးမည်ဟုဆိုသည်။
သူမသည် လတ်တလော အကြွေး ဘတ် ၁၀ သန်းကျော်အကြွေးရှိနေသူတဦးဖြစ်ပြီး ဘတ် ၆ သန်းထီပေါက်လိုက်ခြင်းသည် ပမာဏတဝက်ခန့်ကို ပြန်လည်ပေးဆပ်နိုင်တော့မည်ဖြစ်သည်။
Source: ข่าวสด