ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသော ဧရာဝတီမြစ်ကူးတံတား(စင်းခန်း)အား ယနေ့တွင် သိမ်းပိုက်ရရှိကြောင်း KIA က ဓာတ်ပုံနှင့်တကွ ဖော်ပြလာသည်။
KIA တပ်သားများက တံတားအား သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စင်းခန်းတံတားရှေ့တွင် စုပေါင်းဓာတ်ပုံရိုက်ကူးပြီး အောင်ပွဲခံခဲ့သည်။
KIA နှင့် စစ်ကောင်စီတို့သည် ယခုတစ်ပတ်အတွင်း ဝိုင်းမော်၊ ချီဖွေ၊ ဆွမ်ပရာဘွမ်မြို့နယ်၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီစခန်း(၂၀)ကျော်ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
