သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ဖျူထိုင်းပါတီ (PTP) က အဆိုတင်သွင်းသော ဝန်ကြီးချုပ်လောင်း ဆရက်သာ ထိုင်းနိုင်ငံ၏ (၃၀)ဦးမြောက် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရ

ဖျူထိုင်းပါတီ (PTP) က အဆိုတင်သွင်းသော ဝန်ကြီးချုပ်လောင်း ဆရက်သာ ထိုင်းနိုင်ငံ၏ (၃၀)ဦးမြောက် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရ

Hsan Loi Editor
22/08/2023
Share:

 

ဖျူထိုင်းပါတီ (PTP) က အဆိုတင်သွင်းသော ဆရက်သာ သာဗီဆန်သည် ထိုင်းနိုင်ငံ၏ (၃၀) ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ထိုင်း၏အထက်နှင့်အောက်လွှတ်တော်အမတ်အများစုက ထောက်ခံမဲပေး ရွေးချယ်ခဲ့ကြကြောင်း ထိုင်းနိုင်ငံဒေသသတင်းများ၏ ဖော်ပြချက်အရ သတင်းရရှိသည်။

ရွေးကောက်ပွဲတွင် မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့သည့် Move Forward Party ၏ ကိုယ်စားလှယ်ဖြစ်သူ ဖီထာ ကို ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းစဉ်က ထောက်ခံမဲမပေးခဲ့ကြသော အထက်လွှတ်တော်အမတ်အများစုသည် ဆရက်သာအား ထောက်ခံမဲပေးခဲ့ကြကြောင်း သိရသည်။

လက်တလောတွင် ထိုင်းလွှတ်တော်အတွင်း ဝန်ကြီးချုပ်နေရာအတွက် အဆုံးအဖြတ်မဲများ ဆက်လက်ရေတွက်နေဆဲဖြစ်သော်လည်း ဆရက်သာမှ လုံလောက်သောမဲအရေအတွက် ရရှိသွားပြီဖြစ်သည်။

တစ်ဖက်တွင်လည်း ယနေ့တွင် ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ထောင်ထဲကို အပို့ခံထားရသည်ဟု ဆက်စပ်သိရသည်။ PTP ပါတီသည် သက်ဆင် နောက်ကွယ်မှ ကြိုးကိုင်နေသည့် ပါတီတစ်ခုဖြစ်ကြောင်း နာမည်ကြီးသည်။