သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ဖားဆောင်းမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ပစ်ချခံရသည့် စစ်ကောင်စီရဟတ်ယာဉ်ပုံများ ထွက်ပေါ်လာ

ဖားဆောင်းမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ပစ်ချခံရသည့် စစ်ကောင်စီရဟတ်ယာဉ်ပုံများ ထွက်ပေါ်လာ

Hsan Loi Editor
07/05/2024
Share:

 

ယမန်နေ့က ကယားပြည်နယ် ဖားဆောင်းမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများ၏ ပစ်ခတ်ခြင်းခံရပြီး စစ်ကောင်စီရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့သည်။ ယနေ့ မေလ(၇)ရက်နေ့တွင် ပစ်ချခြင်းခံရသည့် စစ်ကောင်စီ၏ ပေါက်ကွဲပျက်စီးခဲ့သော စစ်ကောင်စီရဟတ်ယာဉ်ပုံများ ထွက်ပေါ်ခဲ့သည်။

ရဟတ်ယာဉ်ပေါ်တွင် စစ်ကောင်စီတပ်သား(၈)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

လက်ရှိတွင် ကယားပြည်နယ် ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်များအား တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲပြင်းထန်လျက်ရှိသည်။

ကယားပြည်နယ်(ကရင်နီ)တွင် တစ်လတာကာလအတွင်း ဖားဆောင်းမြို့နယ်၊ မိုးဗြဲမြို့နယ် တို့တွင် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး လွိုင်ကော်၊ ဖယ်ခုံမြို့နယ်တို့တွင် ထိတွေ့တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွားခဲ့သည်ဟု KNDF က ထုတ်ပြန်ခဲ့သည်။

ဖားဆောင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခလရ(၁၃၅)၊ ခလရ(၁၄၃)တပ်တို့နှင့် မြို့တွင်းရှိ မီးသတ်ရုံး၊ ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များအား ဧပြီလအတွင်း တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ဆင်ရေးပြုလုပ်ခဲ့သောကြောင့် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။

ဘောလခဲမှ ဖားဆောင်းမြို့သို့ ဦးတည်၍ စစ်ကူလာသော ခမရ(၅၁၆)၊ ခမရ(၅၁၅)၊ ခလရ(၁)၊ ခလရ(၁၃၅) တပ်များပူးပေါင်း၍ စစ်ကြောင်းထိုးလာသည့် အင်အား(၁၀၀)ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဧပြီလ(၁၁)ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့က ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၅၀)ကျော်သေဆုံးကာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများအပါအဝင် (၅၆)ဦး လက်နက်ချ အညံ့ခံခဲ့ပြီး လက်နက်ငယ် အစုံ(၇၀)လည်း တော်လှန်ရေး တပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က ဖော်ပြသည်။