ယမန်နေ့ နိုဝင်ဘာလ (၂၇) ရက်နေ့ ည (၁၀) နာရီခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ရပ်ကွက် (၇) ရှိ နေအိမ်တစ်အိမ်တွင် ဖယောင်းတိုင်မီးမှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် နေအိမ်အတွင်းရှိ အသက် (၁၂) အရွယ် ကလေးငယ်တစ်ဦး ပိတ်မိပြီး အသက်ဆုံးရှုံးခဲ့ရသည်။ အဆိုပါကလေးငယ်သည် အိပ်ရာဘေး ဖယောင်းတိုင်မီးထွန်းကာ စာကျက်ပြီး အိပ်ပျော်သွားရာမှ ခြင်ထောင်ကို မီးစွဲရာမှတဆင့် နေအိမ်တစ်ခုလုံး မီးလောင်ကျွမ်းရခြင်းဖြစ်ကြောင်း သိရသည်။
ကွတ်ခိုင်မြို့တွင် ယခင်ကလည်း ကွတ်ခိုင်မြို့မဈေးကြီးတစ်ခုလုံး မီးလောင်ကျွမ်းပြာကျခဲ့ဖူးကြောင်း သတင်းရရှိသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/