သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ဟိုနားကုန်းသာကျေးရွာရှိ ပြောင်းဖူးခြံတစ်ခြံအတွင်း ယနေ့ (၃၀.၁၁.၂၀၂၃) ရက်နေ့တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။
ပြောင်းဖူးခြံအတွင်း ပြောင်းဖူးချိုးနေသော သျှမ်းတိုင်းရင်းသူ အသက်(၂၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျည်စထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ရသည်။
သေဆုံးသူသည် နန်းအေးကြည်ဟု အမည်ရပြီး ၎င်း၏ ဘယ်ဖက်ပခုံးမှ ညာဘက်ပခုံးအထိ ကျည်စဖောက်ထွက်သွားမှုကြောင့် ပြောင်းဖူးခြံအတွင်း သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။