ယနေ့ ဇူလိုင် (၃၀) ရက်နေ့ နံနက်(၁၀)နာရီခန့်တွင် သျှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ် ဝမ်ထီရွာအနီးတွင် ပြည်သူ့စစ် (၇၅၈) အဖွဲ့ စီးနင်းလိုက်ပါလာသည့်ကား မိုင်းထိပြီး ပြည်သူ့စစ်တပ်သား (၂) ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဒါ့အပြင် ပြည်သူ့စစ်တပ်သားများစွာလည်း မိုင်းထိပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟုဆိုသည်။
အဆိုပါဒေသတွင် (၇၅၈)ပြည်သူ့စစ်အဖွဲ့အပြင်၊ SSS ပြည်သူ့စစ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များသာ သွားလာလှုပ်ရှားကြကြောင်း သိရသည်။
