သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ပြည်သူ့စစ်မှုထမ်းအရေအတွက် တိုးမြင့်ခေါ်ယူရေးနဲ့ PDF များ နိုင်ငံတော်ရင်ခွင်သို့ ပြန်လည်ဝင်ရောက် များပြားလာစေရေး နိုင်ငံရေးပါတီများအစုအဖွဲ့က အကြံပြုဆွေးနွေး

ပြည်သူ့စစ်မှုထမ်းအရေအတွက် တိုးမြင့်ခေါ်ယူရေးနဲ့ PDF များ နိုင်ငံတော်ရင်ခွင်သို့ ပြန်လည်ဝင်ရောက် များပြားလာစေရေး နိုင်ငံရေးပါတီများအစုအဖွဲ့က အကြံပြုဆွေးနွေး

Hsan Loi Editor
25/01/2025
Share:

 

ပြည်သူ့စစ်မှုထမ်းအရေအတွက် တိုးမြင့်ခေါ်ယူရေးနဲ့ နိုင်ငံရေးဝါဒမှိုင်းကြောင့် ဖြစ်ပေါ်လာတဲ့ PDF များကို နိုင်ငံတော်ရင်ခွင်သို့ ပြန်လည်ဝင်ရောက်မှု များပြားလာစေရေး အကြံပြုချက်များကို နိုင်ငံရေးပါတီများအစုအဖွဲ့က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ဗဟိုဌာနမှာ ကျင်းပတဲ့ ဒုတိယနေ့ အစည်းအဝေးမှာ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာမှု ရရှိရန် လုပ်ဆောင်သင့်တဲ့ အစီအမံများကို အကြံပြုဆွေးနွေးခြင်းကိစ္စရပ်များ၊ ပြည်သူများရဲ့ လိုအပ် ချက်များကို ဥပဒေကြောင်းအရ ဖြည့်ဆည်းပေးနိုင်ရေးကိစ္စရပ်များနဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် အစိုးရနှင့်ပြည်သူ လက်တွဲပြီး ကျော်လွှားနိုင်ရေးကိစ္စရပ်များကို နိုင်ငံရေးပါတီ ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီ သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

 

NSPNC နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ ဆွေးနွေးပွဲ နှစ်ရက်တာကာလမှာ သဘောထား စုစည်းချက် (၄၃)ချက်ရှိပြီး ဆက်လက်ဆွေးနွေးရမယ့် အချက်(၇)ရက်အပြင် နိုင်ငံရေးပါတီများ အစုအဖွဲ့က ပြင်ဆင်ရန် ထပ်မံအဆိုပြုထားတဲ့ အချက်တွေလည်း ရှိတယ်လို့ သိရပါတယ်။

 

ဆွေးနွေးပွဲမှာ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ညှိနှိုင်းရေး ကော်မတီဝင် များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ခေါင်းဆောင် ပြည့်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးနဲ့ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

 

https://hsanloivoice.org မှာလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။