ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာမှာ အတင်းအဓမ္မဖိအားပေး စုဆောင်းခြင်းမျိုး မဖြစ်စေဘဲ ပြည်သူ့ စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေနဲ့အညီ အလေးထားဆောင်ရွက်ပေးကြရန် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ပြောကြား

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာမှာ အတင်းအဓမ္မဖိအားပေး စုဆောင်းခြင်းမျိုး မဖြစ်စေဘဲ ပြည်သူ့ စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေနဲ့အညီ အလေးထားဆောင်ရွက်ပေးကြရန် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ပြောကြား

Hsan Loi Editor
29/01/2025
Share:

 

ပြည်သူ့စစ်မှုထမ်းတစ်ဦးအဖြစ် ကိုယ်တိုင်က နိုင်ငံသားကောင်းပီသစွာ တာဝန်ထမ်းဆောင် နိုင်ရေး ကြိုးစားလုပ်ဆောင်သွားရန် လိုအပ်မည်ဖြစ်ပြီး အတင်းအဓမ္မဖိအားပေး စုဆောင်းခြင်းမျိုး မဖြစ်စေဘဲ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ စနစ်တကျကြိုးစား စုဆောင်းကြစေရေး အလေးထားဆောင်ရွက်ပေးကြရန် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး က တိုက်တွန်းမှာကြားသွားပါတယ်။

 

ယမန်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဥ် (၁/၂၀၂၅) မှာ အထက်ပါအတိုင်း ပြောကြားသွားတာဖြစ်ပါတယ်။

 

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်တာနဲ့ ပတ်သက်ပြီး ပြည်သူလူထုအကြား သတင်းမှန်၊ သတင်းမှား မြောက်မြားစွာ ဖြစ်ပေါ်နေပြီး အများစုသည် သတင်းမှန်အနည်းငယ်ကို အခြေခံကာ ပြည်သူလူထု အထင်အမြင်မှားစေရန်နဲ့ စစ်မှုထမ်းဆင့်ခေါ်မှုပုံရိပ် ထိခိုက်ကျဆင်းစေရန် ပုံကြီးချဲ့ ဆောင်ရွက်ခြင်းသာ ဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

 

ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မမှန်မကန် ဆောင်ရွက်မှုများ တွေ့ရှိပါက ထိရောက်စွာအရေး ယူ သွားရန် လိုအပ်သလို ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ခြင်းက ရေရှည်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် တစ်ခုဖြစ်တဲ့အတွက် စီမံခန့်ခွဲမှု ကောင်းကောင်းနဲ့ စည်းကမ်းစနစ်တကျ လုပ်ဆောင်ရမယ့် ကိစ္စ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၆)ရက်က ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်မှုနဲ့ ပတ်သက်ပြီး ငွေကြေး သိန်း (၁၃၀) အလွှဲသုံးစားမှုဆောင်ရွက်တဲ့ ရွှေဘိုမြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးသန်းဇော်၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံးမှ အကြီးတန်းစာရေး ကျော်ခိုင်လတ်နဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့် တို့ကို စစ်ကောင်စီက အရေးယူထားကြောင်း သိရပါတယ်။

 

ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အကျုံးဝင်တဲ့ အသက်(၁၈)နှစ်မှ (၃၅)နှစ်အထိ အမျိုးသားများနဲ့ အသက်(၁၈)နှစ်ကနေ အသက်(၂၇)နှစ်ကြား အမျိုးသမီးများကိုသာ ဆင့်ခေါ်ပြီး ငွေကြေးတောင်းခံ တာတွေ လူစားထိုးလဲလှယ်ခြင်းပြုလုပ်တာတွေ မရှိစေရဘူးလို့ သိရပါတယ်။