မတ်လ ၂၃ ရက် ယမန်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၀၀ ခန့် ခိုလုံနေသည့် ထိုင်းနိုင်ငံ တက်ခရိုင်ရှိ တိုက်ခန်းများကို ထိုင်းစစ်တပ်က ဝင်ရောက်စီးနှင်းခဲ့သည်ဟု ထိုင်းသတင်းများက ရေးသားဖော်ပြခဲ့သည်။
ထိုင်းထောက်လှမ်းရေးများက သတင်းအချက်အလက်ရရှိပြီးနောက်ပိုင်း ဝင်ရောက်စီးနင်းရာ သေနတ်ကျည်ဆံများ၊ ဆေးဝါးအသုံးအဆောင်ပစ္စည်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် တပ်ဖွဲ့သင်္ကေတတံဆိပ်များကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အချိန်မီ ရှောင်တိမ်းနိုင်သွားနိုင်ခဲ့သည်ဟု ဆိုသည်။
နိုင်ငံတကာအဖွဲ့အစည်းအချို့နှင့် နိုင်ငံခြားသားများထံမှ အလှူငွေလက်ခံ၍ ပြည်တွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ကူညီထောက်ပံ့နေသည့် နေရာတခုဖြစ်ကြောင်း သိရသည်။

Ref: Khaosod