သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ပြည်ထောင်စုအကျိုးအတွက်ဟုဆိုကာ PDF များကို စစ်တပ်က ထပ်မံဖိတ်ခေါ်

ပြည်ထောင်စုအကျိုးအတွက်ဟုဆိုကာ PDF များကို စစ်တပ်က ထပ်မံဖိတ်ခေါ်

ahadmin
10/09/2025
Share:

CRPH, NUG တို့သည် PDF အဖွဲ့များ ဖွဲ့စည်းကာ လက်နက်၊ ခဲယမ်းရရှိရေးအတွက် အချို့သော EAO များ လက်အောက်သို့ သွတ်သွင်းခဲ့ပြီး အချို့သော EAO များရဲ့ နယ်မြေကျူးကျော် ချဲ့ထွင်ခြင်းများ အတွက် PDF များကို လက်ကိုင်တုတ်အဖြစ် အသုံးချတယ်လို့ စစ်တပ်က သွေးခွဲ ပြောဆိုလိုက်ပါတယ်။

အထက်ပါ ပြောဆိုချက်ကို ပြည်ထောင်စုအကျိုးအတွက်ဟုဆိုပြီး PDF များကို ဖိတ်ခေါ်တဲ့ ကြေညာ ချက်ထဲမှာ ပါရှိပြီး အဲ့ဒီဖိတ်ခေါ်စာကို ယမန်နေ့ က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ က ထုတ်ပြန်ထားပါတယ်။

ဒီမိုကရေစီ မျက်နှာဖုံးတပ်ပြီး နိုင်ငံတော်အာဏာကို မက်မောကြတဲ့ CRPHနှင့်NUG တို့ရဲ့ လိုလားချက်မှာ ရွေးကောက်ခံအစိုးရ ဆိုသည့် ရပ်တည်ချက်ကို ဆုပ်ကိုင်ထားပြီး အကြမ်းဖက် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်နေခြင်းဖြစ်လို့ ဒီမိုကရေစီ ခရီးလမ်း နှောင့်နှေးကြန့်ကြာ နေရခြင်းဖြစ်ကြောင်း ဆိုပါတယ်။

PDF များအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် မကြာမီတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲ အလွန် အားလုံးမျှော်မှန်းထားသည့် စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရေး လက်တွဲဖို့ ဆန္ဒရှိပါက ကြိုဆိုလက်ခံမယ်လို့ စစ်တပ်က ကြေညာထားပါတယ်။