အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန်

ပြည်တွင်းစက်သုံးဆီ တစ်လီတာကျပ် ၁၀၀ ကျော်စတက်

ပြည်တွင်းစက်သုံးဆီ တစ်လီတာကျပ် ၁၀၀ ကျော်စတက်

Hsan Loi Editor
07/03/2026
Share:
ဒီကနေ့ မတ်လ ၆ ရက်နေ့ကစပြီး ပြည်တွင်းစက်သုံးဆီ စျေးနှုန်း တစ်လီတာကို ကျပ် ၁၀၀ ကျော် စတက်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။
သျှမ်းပြည်မြို့တော် တောင်ကြီးရဲ့ စက်သုံးဆီစျေးနှုန်းမှာလည်း မတ်လ ၅ ရက်နေ့က ဓါတ်ဆီ 92 တစ်လီတာကို ကျပ် ၂၅၄၀ ကနေ ယနေ့မှာတော့ ဓါတ်ဆီ 92 တစ်လီတာကို ကျပ် ၂၆၅၀ ထိဖြစ်ကာ ကျပ်တစ်ရာကျော် မြင့်တက်သွားပါတယ်။
အလားတူ ဓါတ်ဆီ 95 အမျိုးအစား တစ်လီတာကို ကျပ် ၂၆၀၅ ကနေ ယနေ့ ၂၇၂၀ ကျပ်အထိ ကျပ်တစ်ရာကျော် မြင့်တက်သွားကာ ဒီဇယ်ဆီ တစ်လီတာကို ကျပ် ၂၆၉၀ ကနေ ၂၇၃၅ ကျပ်နဲ့ ပရီမီယမ်ဒီဇယ် တစ်လီတာကို ကျပ် ၂၉၇၀ ကနေ ၃၀၃၀ ကျပ်အထိ မြင့်တက်လာတာဖြစ်ပါတယ်။
May be an image of one or more people, motorcycle and scooter
တောင်ကြီးမြို့ပေါ်ရှိ ဆီဆိုင်အချို့ကတော့ ဆီကို အကန့်အသတ်နဲ့သာ ရောင်းချပေးနေသလို 92 တစ်လီတာကို ကျပ် ၃ ထောင်ကျော် ၅ ထောင်နီးပါး ပေးဝယ်နေရတဲ့ ဆိုင်လည်းရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက် အရသိရပါတယ်။
“ ဆီဆိုင်ကြီတွေမှာဆိုရင်တော့ တန်းစီရပါတယ် လမ်းကြားဆိုင်တွေတော့ တန်းမစီရဘူးပေါ့၊ ဒီလို နေ့လည်ချိန်ဆို လူများတယ်၊ တန်းမစီချင်ရင်တော့ မနက်စောကြီးသွားမှ အဆင်ပြေမှာဗျ၊ တစ်လီတာကို ၃၀၀၀ နဲ့ ရလာတယ်၊ အချို့ဆိုင်တွေတော့ လေးငါးထောင်လောက် ပေးဝယ်ရတယ်လို့ ကြားပါတယ်” လို့ တောင်ကြီးမြို့ခံတစ်ဦးက Hsan Loi Voice ကိုပြောပါတယ်။
May be an image of one or more people, motorcycle, scooter and text
စက်သုံးဆီတွေ ရက်ပေါင်း ၄၀ စာ တင်သွင်းသိုလှောင်ထားရှိပြီး စက်သုံးဆီ ပုံမှန်ရောင်းချပေးနေသလို မလိုအပ်ဘဲ ဝယ်ယူခြင်းမပြုဖို့လည်း စစ်ကော်မရှင်ရဲ့ စွမ်းအင်ဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စက်သုံးဆီနဲ့ပတ်သက်ပြီး ပြည်သူတွေ မစိုးရိမ်ကြဖို့၊ အတတ်နိုင်ဆုံး ခြိုးခြံသုံးစွဲဖို့နဲ့ မလိုအပ်ဘဲ အချိန်ကုန်ခံပြီး တန်းစီဝယ်ယူတာတွေ မလုပ်ဖို့ အသိပေးထားပါတယ်။
စက်သုံးဆီချွေတာရေး “စုံ” ရက် “မ” ရက် သတ်မှတ်ချက် စီမံချက်တွေကို မနက်ဖန် မတ်လ ၇ ရက်က စပြီး စတင်အသက်ဝင်မှာဖြစ်လို့ ယာဥ်အသုံးပြု သွားလာနေသူတွေအတွက် သတိထား သွားလာကြဖို့ လည်း မြို့ခံတစ်ဦးက သတိပေးထားပါတယ်။
Photo – Credit