သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ပေါင်းသတ်ဆေးသောက်ပြီး မိမိကိုယ်ကို အဆုံးစီရင်ထားပုံ အမျိုးသားအလောင်း ၁ လောင်း ကျောက်မဲလမ်းဘေး၌တွေ့ရှိ 

ပေါင်းသတ်ဆေးသောက်ပြီး မိမိကိုယ်ကို အဆုံးစီရင်ထားပုံ အမျိုးသားအလောင်း ၁ လောင်း ကျောက်မဲလမ်းဘေး၌တွေ့ရှိ 

Hsan Loi Editor
08/03/2023
Share:

 

၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက် ယနေ့ မွန်းလွဲပိုင်း ၁း၀၀ နာရီခန့်တွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာအုပ်စု၊ ပင်ပေါကျေးရွာ တောင်ဖက် (၂) မိုင်ခန့်အကွာရှိ ၊ ဂုတ်တွင်းကမ်းပါးယံ မရောက်ခင် ယာတော တဲအတွင်း သေဆုံးနေသော ရုပ်အလောင်းတစ်လောင်းအား တွေ့ရှိခဲ့ကြောင်း ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းကတဆင့် သိရပါသည်။

 

သေဆုံးသူ၏ ဘေးတွင် ပေါင်းသတ်ဆေးဗူးတဗူးနှင့် ပေါင်းသတ်ဆေးထုပ် တထုပ် တွေ့ရှိပြီး ပေါင်းသတ်ဆေးသောက်၍ သေဆုံးထားခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးသွားမည်ဟုဆိုသည်။

 

သေဆုံးသူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက် များ မတွေ့ရှိရဘဲ အော့အန်ထားသည်များကိုသာ တွေ့ရှိကြောင်း သိရပါသည်။

 

သေဆုံးသူသည် နောင်ချိုမြို့နယ်၊ ကုန်းစံကျေးရွာကဖြစ်ကြောင်း သိရပါသည်။

 

ယင်းကိစ္စနှင့် ပါတ်သက်၍ လူမှုကူညီရေးအသင်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။

 

Source: ကမ်းလင့်လက်များ လူမှုကူညီရေး