တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော 

ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာ စျေးအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၈ ဦး ထက်မနည်း သေဆုံးမှုရှိလာ

ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာ စျေးအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၈ ဦး ထက်မနည်း သေဆုံးမှုရှိလာ

Hsan Loi Editor
27/02/2026
Share:
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ စျေးအတွင်းသို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက် မွန်းလွဲပိုင်းအချိန်က စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၈ ဦး ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၁၇ ဦးခန့် ရှိတယ်လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးရဲ့ အချက်အလက်အရ သိရပါတယ်။
May be an image of one or more people
သေဆုံးသူအများစုမှာ အမျိုးသမီးများနဲ့ ကလေးငယ်များဖြစ်ကြပြီး အချို့မှာ အသက် ၆ နှစ်မှ ၁၅ နှစ် ကြား အရွယ်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
May be an image of tree
ယခုလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ဘက်က ယနေ့ချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
May be an image of tree
စစ်ကော်မရှင်ရဲ့ လေကြောင်းစစ်ဆင်ရေးဟာ အကြမ်းဖက်သမား လို့ သတ်မှတ်ထားတဲ့ လက်နက်ကိုင် အဖွဲ့များကိုသာ ပစ်မှတ်ထားတိုက်ခိုက်တာလို့ ယခင်က ပြောကြားလေ့ရှိပေမယ့် ယခုလို လူနေထူထပ် တဲ့ဒေသကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာဟာ နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှုမြောက်တယ်လို့ လူ့အခွင့်အရေးအဖွဲ့များက သတိပေးထားပါတယ်။
No photo description available.
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှ စတင်ပြီး စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော်(AA) တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ရခိုင်လူထုအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပိုမိုရရှိရန် ကြိုးပမ်းနေတဲ့ AA ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းကစပြီး ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်အတွင်းမှာ AA က ရခိုင်ပြည်နယ်တစ်ဝန်းလုံးရှိ နယ်မြေ အမြောက်အများ ကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
May be an image of one or more people and fire
May be an image of fireတော်လှန်ရေးအင်အားစုများ နယ်မြေအသားစီး ရလာတာနဲ့အမျှ စစ်တပ်ဟာ အတိုက်အခံအင်အားစုများ ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို လေ ကြောင်း အားကိုးပြီး ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုလုပ် ဆောင်လာတာဖြစ်ပါတယ်။
May be an image of fire
May be an image of fire
May be an image of fire