တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ပီတာ ၃၂၄ မဲသာ ရရှိသောကြောင့် ထိုင်းဝန်ကြီးချုပ် မဖြစ်နိုင်သေး

ပီတာ ၃၂၄ မဲသာ ရရှိသောကြောင့် ထိုင်းဝန်ကြီးချုပ် မဖြစ်နိုင်သေး

Hsan Loi Editor
13/07/2023
Share:

 

ထိုင်းနိုင်ငံ၏ မေလ ရွှေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော Move Forward ပါတီခေါင်းဆောင် ပီတာကို ထိုင်းဝန်ကြီးချုပ်သစ် ဖြစ်သင့် မသင့်၊ ထိုင်းပါလီမန်၌ အထက်နှင့်အောက် အမတ်များ စုပေါင်း၍ ယနေ့ ဇူလိူင်လ ၁၃ ရက်နေ့တွင် ပွင့်ပွင့်လင်းလင်း မဲပေးခဲ့ကြသည်။

လူထုတိုက်ရိုက်ရွှေးကောက်ခံအမတ်များ (အောက်ပါလီမန်အမတ်များ) နှင့် စစ်တပ်ခန့် ဆီနိတ်တာ အမတ်များ (အထက်ပါလီမန် အမတ်များ) ပေါင်း၍ မဲပေးစေခဲ့သော်လည်း စုစုပေါင်း ၃၂၄ မဲသာ ရရှိခဲ့သည်။

အမှန်အားဖြင့် ၃၇၆ မဲရရှိမှသာ ပီတာ ဝန်ကြီးချုပ်ဖြစ်နိုင်မည် ဖြစ်သည်။

အောက်ပါလီမန်အမတ် ၄၆၀ ဦးနှင့် စစ်တပ်ခန့် ဆီနိတ်တာ အမတ် ၂၁၆ ဦး ယနေ့မဲပေးရာ၌ ပါဝင်ခဲ့သည်။

ပီတာကို ထောက်ခံသည့်အမတ်အားလုံးပေါင်း ၃၂၄ ဦးရှိပြီး၊ ၁၈၂ ဦးက ဆန့်ကျင်မဲပေးသည်။ ၁၉၉ ဦးက ကြားနေခဲ့သည်။

စစ်တပ်ခန့် ဆီနိတ်တာ အမတ် ၂၅၀ ထဲမှ ၁၃ ဦးသာ ပီတာကို ထောက်ခံမဲပေး၍ ၃၉ ဦးက ဆန့်ကျင်ပြီး ၁၅၉ ဦးက ကြားနေခဲ့သည်။

ပီတာ ဝန်ကြီးချုပ်ဖြစ်ရန် ဆန့်ကျင် မဲပေးသည့် အမတ်အများစုသည် ထိုင်းဘုရင်စစ်တပ်ခန့် ဆီနိတ်တာအမတ် အများစုနှင့် ယခင်အမတ်ဟောင်းများဖြစ်သည်။ ၎င်းတို့က ဘုရင့်သစ္စာခံဟု ခံရယူကြပြီး ထိုင်းဘုရင်ကြီးကို နိုင်ငံတော်၏ ဥသျှောင်အဖြစ် ဆက်လက်ထားရှိလိုကြသည့် လက်ယာနိုင်ငံရေးသမားများ အစုအဖွဲ့များဖြစ်သည်။

ကြားနေမဲပေးသောအမတ်များက ပီတာနှင့် ၎င်းပါတီသည် ထိုင်းဘုရင်ကြီး နိုင်ငံတော် ဥသျှောင်အဖြစ် ပယ်ဖျက်ရေးကိုသာ အလေးပေးပြောပြော နေသောကြောင့် ကြားနေမဲအဖြစ်နေကြသည်ဟုဆိုသည်။

ပီတာက ယခုလက်ရှိ ထိုင်း ဘုရင်ကြီးကို နိုင်ငံတော် ဥသျှောင်အဖြစ်မှ ပယ်ဖျက်ရန် ကြိုးစားနေသည့် ခေတ်သစ်လူငယ်ဖြစ်သည်။ ယင်းဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အပိုဒ် ၁၁၂ ကို ပြည်သူ့ဆန္ဒနှင့်အညီ ပြင်ဆင်မည်ဟု ပီတာက တရားဝင် ထုတ်ဖော်ပြောကြားထားသည်။

တချိန်တည်း၌ ထိုင်းရွှေးကောက်ပွဲကော်မရှင်ကလည်း ပီတာကို အိုင်တီဗီရှယ်ရာ ၄၂၀၀၀ ပိုင်ဆိုင်ထားခြင်းကို အကြောင်းပြကာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၌ ဝန်ကြီးချုပ်ရာထူးနှင့် မသင့်လျော်ကြောင်း အမှုဖွင့်ရန် ကြိုးပမ်းနေသည်။ သို့သော် ဤကိစ္စသည် သိပ်ပြီး မထင်ပေါ်ပါ။

ပီတာ ဝန်ကြီးချုပ်ဖြစ်ရန် မဲအရေအတွက် ၅၂ သို့ ၅၃ မဲ ခန့် လိုအပ်သည်။

လာမည့် ဇူလိူင်လ ၁၉ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံ မဲခွဲဆုံးဖြတ်ကြမည်ဖြစ်သည်။ ပီတာက ဇွဲမလျော့ကြောင်းနှင့် ယနေ့ မဲပေးသောရလဒ်ကို လက်ခံကြောင်း ပြောကြားခဲ့သည်။

Ref: The Nation, Bangkok Post, Khaosod (Photo: The Nation)