သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ပအိုဝ်းအချင်းချင်း ပြန်လည်တိုက်ခိုက်ရန် စစ်ကောင်စီက PNO အား လက်နက်ခဲယမ်းများစွာထောက်ပံ့ 

ပအိုဝ်းအချင်းချင်း ပြန်လည်တိုက်ခိုက်ရန် စစ်ကောင်စီက PNO အား လက်နက်ခဲယမ်းများစွာထောက်ပံ့ 

Hsan Loi Editor
29/01/2024
Share:

 

ဆီဆိုင်မြို့ကို PNLA + PDF ထံမှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရန်ဟုဆိုပြီး စစ်ကောင်စီက PNO အား လက်နက်ခဲယမ်းများစွာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

PNO အဖွဲ့ကလည်း အဆိုပါလက်နက်ခဲယမ်းများ ရရှိပြီးနောက် ၎င်းတို့ထံ စစ်ပညာသင်ကြားထားသော သျှမ်းပြည်နယ်တောင်ပိုင်းမှ ပအိုဝ်းတိုင်းရင်းသားရွာသူရွာသားများအား ဆင့်ခေါ်လျက်ရှိသည်ဟု ဆက်စပ်သတင်းအရသိရသည်။

 

စစ်ကောင်စီတပ်+PNO ပူးပေါင်းအဖွဲ့နှင့် PDF + PNLA အဖွဲ့တို့၏ တိုက်ပွဲကြောင့် ဆီဆိုင်မြို့နယ်ရှိ လူနေအိမ်အမြောက်အများ ထိခိုက်ပျက်စီးနေပြီဖြစ်သလို ဒေသခံပြည်သူများစွာ ထွက်ပြေးတိမ်းရှောင်နေရပြီဖြစ်သည်။