တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ပအိုဝ်းလက်နက်ကိုင် (၂) ဖွဲ့ ဖြစ်သည့် PNO နှင့် PNLA တို့ အချင်းချင်းတိုက်ပွဲဖြစ်ပွား

ပအိုဝ်းလက်နက်ကိုင် (၂) ဖွဲ့ ဖြစ်သည့် PNO နှင့် PNLA တို့ အချင်းချင်းတိုက်ပွဲဖြစ်ပွား

Hsan Loi Editor
21/01/2024
Share:

 

ယနေ့ (၂၁.၁.၂၀၂၄) ရက်နေ့ နံနက်အစောပိုင်း၌ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တို့သည် ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် အပြန်အလှန်ပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

PNA နှင့်အတူ စစ်ကောင်စီအဖွဲ့ဝင်များသည် စံဖူးကျေးရွာတွင် ကြိုတင်စောင့်ဆိုင်းနေခြင်းဖြစ်ပြီး PNLAရောက်ရှိလာချိန်၌ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း စစ်ကောင်စီမီဒီယာအချို့ကဖော်ပြသည်။

 

တိုက်ပွဲကြောင့် စံဖူးကျေးရွာရှိ နေအိမ်အချို့ မီးလောင်ပြာကျခဲ့ရသည်ဟုဆိုသည်။ ဒါ့အပြင် PNLA အဖွဲ့၏ လက်နက်ခဲယမ်းများစွာလည်း မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။