ယနေ့ (၂၁.၁.၂၀၂၄) ရက်နေ့ နံနက်အစောပိုင်း၌ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တို့သည် ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် အပြန်အလှန်ပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
PNA နှင့်အတူ စစ်ကောင်စီအဖွဲ့ဝင်များသည် စံဖူးကျေးရွာတွင် ကြိုတင်စောင့်ဆိုင်းနေခြင်းဖြစ်ပြီး PNLAရောက်ရှိလာချိန်၌ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း စစ်ကောင်စီမီဒီယာအချို့ကဖော်ပြသည်။
တိုက်ပွဲကြောင့် စံဖူးကျေးရွာရှိ နေအိမ်အချို့ မီးလောင်ပြာကျခဲ့ရသည်ဟုဆိုသည်။ ဒါ့အပြင် PNLA အဖွဲ့၏ လက်နက်ခဲယမ်းများစွာလည်း မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

