ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ပန်သခွါးစာသင်ကျောင်း အနီးတွင် ဟိုင်းဂျက်ကားမောင်းနှင်လာသူ အမျိုးသားတစ်ဦး ရုတ်တရက်ဦးနှောက် သွေးကြောပေါက် သေဆုံး

ပန်သခွါးစာသင်ကျောင်း အနီးတွင် ဟိုင်းဂျက်ကားမောင်းနှင်လာသူ အမျိုးသားတစ်ဦး ရုတ်တရက်ဦးနှောက် သွေးကြောပေါက် သေဆုံး

Hsan Loi Editor
27/10/2025
Share:
တောင်ကြီးမြို့နယ်၊ပန်သခွါးစာသင်ကျောင်းအနီးတွင် အောက်တိုဘာ ၂၆ ညနေ ၄ နာရီအချိန်ခန့်က ဟိုင်းဂျက်ကားမောင်းနှင်လာသူ အမျိုးသားတစ်ဦး ရုတ်တရက်ဦးနှောက် သွေးကြောပေါက်ပြီး ကားပေါ်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
May be an image of car and rearview mirror
” Hijet ကားတစ်စီး၊ အထက ပန်သခွါးစာသင် ကျောင်းအကျော်နားလောက်မှာ လမ်းဘေးသို့ထိုးရပ်သွားလို့ ပတ်ဝန်းကျင်က လူတွေဘာဖြစ်တာလဲဆိုပြီး သွားကြည့်ကြတော့ ကားသမားသတိလစ်နေပြီ ကြက်ခြေနီအဖွဲ့ရောက်လာပြီး စစ်ဆေးကြည့်တော့ ဆုံးသွားပြီ ” ဟု ပန်သခွားအနီး နေထိုင်တစ်ဦးကပြောသည် ။May be an image of van
အခင်းဖြစ်ရာနေရာသို့ ၁၀ မိနစ်အကြာတွင် လွယ်ကောင်းကြက်ခြေနီတပ်ဖွဲ့နှင့် ထီရီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များရောက် ရှိလာကြပြီး လူနာကိုကယ်တင်ဖို့ကြိုးစား သော်လည်းလူနာသည်သွေး တိုးရှိန်မြှင့်တက်ပြီး ဦးနှောက်သွေးကြောပေါက် သွားခြင်းဖြစ် သည်ဟု ကြက်ခြေနီအဖွဲ့တာဝန်ရှိသူများကဆိုသည်။
ကားပေါ်တွင်ယာဉ် မောင်းသူတစ်ဦးသာရှိသည်ကို တွေ့ရသောကြောင့် ကြက်ခြေနီ တပ်ဖွဲ့မှ သေဆုံးသူဖုန်းဖြင့် မိသားစုဝင် များကို ခေါ်ဆိုချိတ်ဆက်ပေးပြီး ကားပေါ်‌တွင်တွေ့ရှိသောငွေကြေးနှင့်စာရွက် စာတမ်း၊ဖုန်းစသည်များကို မိသားစုထံပြန်လည်အပ်နှံ ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ အရေးပေါ် အခြေအနေ တွင်ယာဉ် မောင်းသူသည် လူနာအသက်ရှင်ဖို့အချိန်မှီကယ် တင်နိုင်ရန်အတွက် ဝိုင်ယာလက်မီးဖွင့်ခြင်း၊အသံပြုခြင်း၊ ကားစုံမီးဖွင့်ခြင်း၊ ဟွန်းတီးလမ်းတောင်းခြင်း စသည်များပြုလုပ်ပါမည်။ အရေးမကြီးဘဲ အရေးပေါ် ယာဉ်မောင်းသူက ဤအပြုအမူကို ပြုလုပ်မည်မဟုတ်ပါ။
ထို့ကြောင့် မိဘပြည်သူများ လူသားခြင်းစာနာထောက် ထားသောအားဖြင့် လမ်းဖယ်ပေးစေလိုကြောင်း ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများက သတိပေးထားသည်။