တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ပန်လျန်းဆိုင်က သျှမ်းနှစ်သစ်ကူးကြိုဆိုတဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ ပါတ်သက်ပြီး ဝေဖန်ခံနေရ

ပန်လျန်းဆိုင်က သျှမ်းနှစ်သစ်ကူးကြိုဆိုတဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ ပါတ်သက်ပြီး ဝေဖန်ခံနေရ

ahadmin
26/11/2022
Share:

 

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် ညသန်းခေါင်အချိန် နမ့်စန်မြို့နယ်၊ ပန်လျန်းဆိုင် ဌာနေပြည်သူ့စစ်အဖွဲ့မှာ ကျင်းပတဲ့ 2117 ခု သျှမ်းနှစ်သစ်ကူးကြိုဆိုပွဲမှာ သျှမ်းလူငယ်အမျိုးသမီးတဖွဲ့ဟာ ဘောင်းဘီတိုနဲ့ ခေတ်ပေါ်အဝတ်အစားတွေနဲ့ စင်ပေါ်တက်ကခဲ့တဲ့ဖိုင် ပြန့်နံ့နေပါတယ်။

သျှမ်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့က ကနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ဗိုက်သား ပေါင်သားတွေမြင်သာတဲ့ တိုတိုပြတ်ပြတ် အဝတ်အစားတွေနဲ့ Disco ပုံတက်ကခဲ့တဲ့အတွက် သျှမ်းနှစ်သစ်ကူးပွဲတော် သျှမ်းရိုးရာယဥ်ကျေးမှု၊ သျှမ်းဝတ်စားဆင်ယင်မှုတွေနဲ့ မကိုက်ညီဘူးဆိုပြီး ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

သျှမ်းလူမျိုးတွေဟာ သျှမ်းရိုးရာ ယဥ်ကျေးမှု၊ သျှမ်းဝတ်စားဆင်ယင်မှုတွေကို အမွေအနှစ်တခုအနေနဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သင့်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အတိုအပြတ်ဝတ်စားဆင်ယင်မှုတွေနဲ့ သျှမ်းနှစ်သစ်ကူးပွဲတော်သီချင်းတို့ဟာ လိုက်လျောညီထွေမှု မရှိဘူးလို့ ရေးသားဖော်ပြထားပါတယ်။

သျှမ်းဘာသာစကား၊ သျှမ်းရိုးရာယဥ်ကျေးမှု၊ သျှမ်းဝတ်စားဆင်ယင်မှုတွေကို သျှမ်းစာပေနဲ့ ယဥ်ကျေးမှုအဖွဲ့အစည်းအသီးသီးကနေ ထိန်းသိမ်း ကာကွယ် စောင့်ရှောက် မြင့်တင်သွားဖို့ သျှမ်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ TSU က တိုက်တွန်းလိုက်ပါတယ်။

#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/