သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဝမ်ဆောက်ခုံကျေးရွာဘက်မှ တာချီလိတ်မြို့ဘက်သွား ကျေးရွာချင်းဆက်လမ်းတွင် စတေဖာအား Toyota Hilux Revo နှင့်အတူ ဖမ်းဆီးရမိကြောင်း မူးယစ်အဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
၁ ဘီလျံကျော်တန်ဖိုး စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁၂၇ ကီလိုကို ဇူလိူင်လ ၇ ရက်နေ့ ည ၁၁ နာရီခွဲတွင် သိမ်းဆည်းရမိပြီး ပန်ဆန်းမှ တာချီလိတ်သို့သယ်လာခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
Ref: CCDAC