ပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့ရှိ ဘက်စုံသုံးခန်းမမှာ PNO ပအိုဝ်းပြည်သူ့စစ်သင်တန်းဆင်းပွဲနှင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတစ်ခုပြုလုပ်ခဲ့တယ်လို့ သိရပါသည်။
သင်တန်းဆင်းပွဲမှာ စစ်ကောင်စီကနေ PNO ပအိုဝ်းပြည်သူ့စစ်သင်တန်း တက်ရောက်သူအားလုံးကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးထားပြီး သင်တန်းတက်ထားသူအားလုံးကို စစ်ကောင်စီလက်အောက်သို့ ဝင်ရောက်ကာ တာဝန်ထမ်းဆောင်ဖို့ စစ်ကောင်စီအဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့တယ်လို့ ပင်လောင်းဒေသခံဆီမှ ကြားသိရပါသည်။
