သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ပင်လောင်းမြို့နယ်၊ နန်းနိမ့်ကျေးရွာ ရဟန်းသံဃာနှင့် ပြည်သူများ အသတ်ခံရသည့်ကိစ္စ PNA နှင့်နီးစပ်သည့် ပအိုဝ်းအမျိုးသားများက ကန့်ကွက်ရူံချ

ပင်လောင်းမြို့နယ်၊ နန်းနိမ့်ကျေးရွာ ရဟန်းသံဃာနှင့် ပြည်သူများ အသတ်ခံရသည့်ကိစ္စ PNA နှင့်နီးစပ်သည့် ပအိုဝ်းအမျိုးသားများက ကန့်ကွက်ရူံချ

Hsan Loi Editor
15/03/2023
Share:

 

ယနေ့ မတ်လ ၁၅ ရက်နေ့ တွင် ပင်လောင်းမြို့နယ်၊ နန်းနိမ့်ရွာခံ ပအိုဝ်းသံဃာတော်များနှင့် ပအိုဝ်းလူမျိုးများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်းအပေါ် ကန့်ကွက်ရှုတ်ချပွဲအား တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက် တပေါင်းကွင်း၌ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်ဟု PNA နှင့် နီးစပ်သည့် အရင်းအမြစ်များက ထုတ်ဖော်ရေးသားခဲ့သည်။

 

ဆန္ဒထုတ်ဖော်ပွဲကို တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားအများစုက တက်ရောက်လာသည်ကို တွေ့ရပြီး

 

၁။ ပအိုဝ်းပြည်သူလူထုပိုင် ပစ္စည်းဥစ္စာများ အတင်းအဓမ္မခိုးယူနေသော အကြမ်းဖက်သမားများ အလိုမရှိ

 

၂။ ပအိုဝ်းဒေသအတွင်း ကျုးကျော်စစ်တလင်းဖန်တီးမှု အလိုမရှိ

 

၃။ သာ့သနာအဆောက်အဦးများ ပြည်သူလူထုနေအိမ်များ မီးရိူ့ဖျက်ဆီးမှု အလိုမရှိ

 

၄။ သတင်းမှန် ဖုံးကွယ်ရေးသားဖော်ပြသော မီဒီယာများ အလိုမရှိ

 

၅။ KNDF နှင့် အကြမ်းဖက် PDF အပေါင်းအပါများ ပအိုဝ်းဒေသမှ အမြန်ဆုံးဆုတ်ခွာရေး ဒို့အရေး ဒို့အရေး ဒို့အရေး

 

ဟူသော ဆိုင်းဘုတ်များကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့သည်ကို တွေ့ရပါသည်။

 

နွေဦးတော်လှန်ရေး၌ပါဝင်လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသားများဘက်ကလည်း ယနေ့ကန့်ကွက်ရူံ့ချပွဲနှင့် ပါတ်သက်ပြီး “ အသုံးချခံရတာ ရင်နာတယ် ပြည်သူက လက်နက်မရှိ ဘာမှမတုန့်ပြန်ရဲတော့ သူများခိုင်းတိုင်း တိတ်တိတ်လေး သွားနေရတာ လုပ်နေရတာ” ဟု ၎င်းတို့အမြင်သဘောထားကို ထုတ်ဖော်ရေးသားထားပါသည်။

 

Photos: နန်းဥမ္မာ