ပင်လောင်းဘက်တွင် စစ်ကောင်စီ၊ PNA ပူးပေါင်းအဖွဲ့နှင့် KNDF တို့ တိုက်ပွဲပြင်းထန်လာပြီး ယနေ့နံနက် အလံဖြူထောင်ပြီး အကုန်ထွက်ပြေးနေရပြီဖြစ်ကြောင်း သိရသည်။
“ အရေးပေါ် အခြေအနေ ရောက်နေပါပြီ
ကူနိုင်သမျှ ကူပေးကြပါ၊ စစ်ဘေးရှောင် ၅၀၀၀ ကျော်တယ်” ဟု ဒေသခံတဦးက ပြောပါသည်။
ပင်လောင်းမြို့နယ် တောင်မဲသင်းရွာ၊ လုံးပြင်ရွာ၊ နန်းနိန်ရွာ၊ တောင်စလုံးရွာဘက်က စစ်ရှောင်များဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဆောင်းပြောင်းအကျော် လုံးပျဉ်-တောင်မဲလုံး လမ်းမပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် နှင့် ပင်ပုံရွာအနီး စစ်ဆေးရေးဂိတ်တို့ အပစ်ခံရပြီးနောက် ဖယ်ခုံအခြေစိုက် စစ်ကောင်စီဘက်က တောင်မဲသင်း၊ တောင်စလုံး ၊ မြောက်စလုံးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အမျိုးသမီးတဦး သေဆုံးသွားကြောင်း သိရပါသည်။

Photos: ယိန်းယံ