အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

နှစ်နိုင်ငံနယ်စပ် တင်းမာမှုတွေ ဆိုးရွားလာတဲ့အတွက် ကမ္ဘောဒီးယားအသင်း အားလုံး SEA Games ပြိုင်ပွဲကနေ နှုတ်ထွက်

နှစ်နိုင်ငံနယ်စပ် တင်းမာမှုတွေ ဆိုးရွားလာတဲ့အတွက် ကမ္ဘောဒီးယားအသင်း အားလုံး SEA Games ပြိုင်ပွဲကနေ နှုတ်ထွက်

Hsan Loi Editor
15/12/2025
Share:
ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် တိုက်ပွဲများဖြစ်ပွားပြီး တင်းမာမှုတွေ ဆိုးရွားလာတဲ့အတွက် ကမ္ဘောဒီးယား အားကစားသမားအသင်းအားလုံး ၃၃ ကြိမ်မြောက် SEA Games ပြိုင်ပွဲကနေ နှုတ်ထွက်ရန် ကမ္ဘောဒီးယား အမျိုးသားအိုလံပစ် ကော်မတီ(NOCC) က ဒီကနေ့ မနက်မှာ ကြေညာခဲ့ပါတယ်။May be an image of clarinet, trumpet and text that says 'I m l'
ကမ္ဘောဒီးယား အားကစားသမားများကို ဧည့်ဝတ်ကျေပွန်ပေးတဲ့အတွက် ထိုင်းအားကစား အာဏာပိုင်များအား ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။
May be an image of text that says 'VN N prime 物ど ViVcab CAMBODIA CAMBODIA'
လက်ရှိဖြစ်ပေါ်နေတဲ့ နှစ်နိုင်ငံ ပဋိပက္ခတွေကြောင့် အားကစားသမားများရဲ့ ဘေးကင်းလုံခြုံမှုကို စိုးရိမ်တဲ့အကြောင်းပြချက်ဖြင့် ပြိုင်ပွဲကနေ ဝမ်းနည်းစွာနဲ့ နှုတ်ထွက်ခဲ့တာလို့ဆိုပါတယ်။
ဒီဇင်ဘာ ၈ ရက်မှာ တကျော့ပြန်စတဲ့ တိုက်ပွဲများအတွင်း ကမ္ဘောဒီးယားဘက်မှ အရပ်သား ၇ ဦးနှင့် ထိုင်းစစ်သား ၃ ဦး သေဆုံးခဲ့ပြီး နယ်စပ်ဒေသများမှ လူ ၃၈၅,၀၀၀ ကျော် ရွှေ့ပြောင်း တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
May be an image of text
ယခုဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားဘက်က ထိုင်း၏ ကျူးကျော်ရေးဟု စွပ်စွဲပြောဆိုပြီး ထိုင်းဘက်က ကာကွယ်ရေး လုပ်ရပ်များဖြစ်တယ်လို့ ဆိုပါတယ်။