ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

နှစ်နိုင်ငံခရီးသွားလာရေး ပိုမိုအားကောင်းဖို့ဆိုပြီး ရုရှားနဲ့ မြန်မာ ဗီဇာမလိုဘဲ သွားလာခွင့်မကြာခင် စတင်မည်

နှစ်နိုင်ငံခရီးသွားလာရေး ပိုမိုအားကောင်းဖို့ဆိုပြီး ရုရှားနဲ့ မြန်မာ ဗီဇာမလိုဘဲ သွားလာခွင့်မကြာခင် စတင်မည်

Hsan Loi Editor
20/01/2026
Share:
နှစ်နိုင်ငံခရီးသွားလာရေး၊ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်ပြီး ရုရှားနဲ့ မြန်မာ ဗီဇာမလိုဘဲ ခရီးသွားလာခွင့် အခုလကုန်ပိုင်းမှာ စတင်တော့မယ်လို့ သိရပါတယ်။
ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံကြား ဗီဇာလိုအပ်ချက် အပြန်အလှန် ဖျက်သိမ်းရေး သဘောတူညီချက်ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က ဘယ်လာရုစ်နိုင်ငံ၊ မစ်ဇ်မြို့မှာ လက်မှတ်ရေးထိုး ခဲ့တာပါ။
အခုလာမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး အသက်ဝင်မှာဖြစ်ကာ ရုရှားနဲ့ မြန်မာ ဗီဇာမလိုဘဲ ခရီးသွားလာခွင့် ရရှိနိုင်တော့မှာဖြစ်ပါတယ်။
ဒီသဘောတူညီချက်အရ ရုရှားနိုင်ငံသားနဲ့ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံဖြတ် သန်းဝင်ရောက်နေထိုင်ဖို့ တစ်ကြိမ်ဝင်ရောက်တိုင်း ရက် ၃၀ အထိ နေထိုင်ခွင့်ရရှိမှာဖြစ်ပေမယ့် အမြဲတမ်းနေထိုင်ခွင့်၊ ပညာသင်ကြားခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် ရရှိမှာမဟုတ်သလို ပြက္ခဒိန်တစ်နှစ်အတွင်း နေထိုင်ချိန် ရက်ပေါင်း ၉၀ မကျော်လွန်ရဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။