ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

နေ့ည ဆက်တိုက်ဗုံးကြဲမှုများ အလှည့်ရှိလာမယ်လို့ TNLA ခေါင်းဆောင်ပြော

နေ့ည ဆက်တိုက်ဗုံးကြဲမှုများ အလှည့်ရှိလာမယ်လို့ TNLA ခေါင်းဆောင်ပြော

Hsan Loi Editor
19/10/2025
Share:
စစ်ကောင်စီတပ်က တအာင်း(ပလောင်)TNLA ထိန်းချုပ်ထားတဲ့ မြို့များကို နေ့ညဆက်တိုက် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုများအတွက် အလှည့်ရှိလာမယ်လို့ TNLA ခေါင်းဆောင် ဗိုလ်ချုပ် တားဘုန်းကျော်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ယနေ့ ညနေပိုင်းအချိန်က ရေးသားထားပါတယ်။
May be an image of text that says '然色 လေးဆဒါငို လေးဆဒ/ လေ'
“ထုံးတို့ထားမယ်၊ မနက်၊ နေ့ခင်း၊ ညနေ၊ ညသန်းခေါင် ဆက်တိုက် လေယာဥ် ဗုံးကြဲနေတာ၊ ကြဲတဲ့သူ၊ ကြဲဖို့ဆော်သြသူ၊ ကြဲခံရတာကို ဝမ်းမြောက်လက်ခုပ်တီးသူ အားလုံးကို ထုံးသေချာတို့ မှတ်ထားမယ်၊ အလှည့်ဆိုတာ ရှိစမြဲပါ” ဆိုပြီး ၎င်းက ရေးသားထားပါတယ်။May be an image of text
ယမန်နေ့ ညပိုင်းနဲ့ ယနေ့မွန်းလွဲပိုင်းအချိန်တွင် စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်တဲ့ နမ့်ဆန်၊ မိုးကုတ်၊ မန်တုံနဲ့ မိုင်းငေါ့မြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်တာကြောင့် ၆ ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။May be an image of fire and text
ယခုအောက်တိုဘာလအတွင်း မန်တုံ၊ ကျောက်မဲ၊ သီပေါ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုးမိတ်နဲ့ မိုးကုတ်မြို့တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၂၈ ကြိမ်ပြုလုပ်ပြီး သံဃာ ၂ ပါးနဲ့ ကလေး ၈ ဦးအပါအဝင် ၄၁ ဦး သေဆုံးပြီး ၄၄ ဦး ဒဏ်ရာရရှိကာ နေအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းအပါအဝင် အဆောက်အဦး ၁၅၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန် ချက်အရသိရပါတယ်။May be an image of mountain, tree and text
ယခုအောက်တိုဘာလတွင်းမှာဘဲ တရုတ်ရဲ့ ကြားဝင်စီစဥ်မှုနဲ့ စစ်ကောင်စီတပ်နဲ့ TNLA တို့ကြား ဆွေးနွေးပွဲ ထပ်မံရှိလာမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။May be an image of lumberyard
ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် TNLA အနေဖြင့် ၎င်းတို့ ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တို့ကို ပြန်လည်လက်လွတ်ခဲ့ရပြီး ယခုလက်ရှိ TNLA ထိန်းချုပ်ထားတဲ့ မြို့ ၉ မြို့ထဲမှ ၄ မြို့မှာ စစ်ကောင်စီက ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။No photo description available.