သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

နေ့စဉ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီက ဧပြီလကုန်အထိ အပစ်ခတ်ရပ်စဲရေးကာလ ထပ်တိုးကြောင်း ‌‌ကြေညာ     အပစ်ရပ်ကြေညာတဲ့နေ့မှာပဲ PNLA ဌာနချုပ်ဧရိယာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ဗုံးကြဲ

နေ့စဉ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီက ဧပြီလကုန်အထိ အပစ်ခတ်ရပ်စဲရေးကာလ ထပ်တိုးကြောင်း ‌‌ကြေညာ အပစ်ရပ်ကြေညာတဲ့နေ့မှာပဲ PNLA ဌာနချုပ်ဧရိယာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ဗုံးကြဲ

Hsan Loi Editor
23/04/2025
Share:

 

စစ်ကောင်စီသည် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလ သက်တမ်းကုန်ဆုံးတဲ့ ဧပြီလ ၂၂ ရက်နေ့မှာပဲ နောက်ထပ် ဧပြီလ ၃၀ ရက်နေ့ထိ နောက်တစ်ကြိမ် ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကာလ ထပ်မံတိုးမြှင့်လိုက်ကြောင်း စစ်ကောင်စီ၏ ကာကွယ်ရေးဉီးစီးချုပ်ရေးရုံးက ယမန်နေ့ ဧပြီလ ၂၂ ရက် ထုတ်ပြန်ခဲ့ပါတယ်။

 

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ငလျင်ဒဏ်သင့်ဒေသများတွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သည့် အကျိုးစီးပွားကို ပိုမိုလျှင်မြန်စွာ ဖော်ဆောင်နိုင်ရန်၊ ရေရှည်တည်တံ့ပြီး စစ်မှန်သည့်ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်စေရန်နှင့် တည်ငြိမ်အေးချမ်းမှုကို ရှေးရှု၍ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို နောက်တစ်ကြိမ် ထပ်မံသက်တမ်း တိုးမြှင့်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ယာယီအပစ်ရပ် ထုတ်ပြန်ထားတဲ့ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်များ အခြားလက်နက် ကိုင်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ဌာနချုပ်တပ်စခန်းများ တိုက်ခိုက်ခြင်းမပြုရန်၊ အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်းနဲ့ နယ်မြေချဲ့ထွင်ခြင်း မပြုလုပ်ရန် သတိပေးထားပြီး ပြုလုပ်လာပါက လိုအပ်သလို တုန့်ပြန်မှုများ ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

 

သို့ပေမယ့် စစ်ကောင်စီက အပစ်ရပ်သက်တမ်းတိုး တဲ့နေမှာပဲ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLA) ၏ ဌာနချုပ် ဧရိယာရှိ ကျေးရွာများကို စစ်ကောင်စီက လက်နက် ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ PNLA က ယနေ့ ဧပြီလ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

လက်နက်ကြီးပစ်ခတ်မှုကြောင့် PNLO ဧရိယာရှိ ကျေးရွာများနဲ့ နောင်ထောဝ်ကျေးရွာမှ ပြည်သူလူထုနေအိမ်များ ထိခိုက်ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက ယာယီအပစ်ရပ်စဲ ကြေညာတဲ့ ကာလအတွင်းမှာပဲ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေး တိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်မှု လုပ်ဆောင်ပြီး အရွယ်မရောက်သေးတဲ့ ကလေးငယ်အပါအဝင် ကိုယ်ဝန်ဆောင်နဲ့ သက်ကြီးရွယ်အိုများ ၆၀ ဦးခန့် သေဆုံးပြီး သာသနိက အဆောက်အဦးနဲ့ ပြည်သူနေအိမ်များ ထိခိုက်ပျက်စီး ‌ခဲ့ရကြောင်း သိရှိရပါတယ်။