သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

နောင်ချိုမှာ စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲလို့ဒေသခံ (၄)ဦးသေဆုံးပြီး (၄)ဦး ထိခိုက်ဒဏ်ရာရ

နောင်ချိုမှာ စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲလို့ဒေသခံ (၄)ဦးသေဆုံးပြီး (၄)ဦး ထိခိုက်ဒဏ်ရာရ

Hsan Loi Editor
27/03/2025
Share:

 

ယမန်နေ့ မတ်လ ၂၆ ရက် ညနေပိုင်းအချိန်က သျှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ အုမ္မခါး၊ သုံးဆယ်နဲ့ ရွှေညောင်ပင်ကျေးရွာများကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ (၄)ဦး သေဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။

 

စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး(၅)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး သုံးဆယ်ကျေးရွာမှ အမျိုးသား (၂)ဦးနဲ့အမျိုးသမီး (၂)ဦး ပွဲချင်းပြီးသေဆုံးခဲ့သလို အုမ္မခါးကျေးရွာမှ ဒေသခံ(၄)ဦးလည်း ထိခိုက်ဒဏ်ရာရရှိကာ ကျေးရွာအတွင်းရှိ နေအိမ်အများအပြား ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA ရဲ့ သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ကလည်း နောင်ချိုမြို့မှာ စစ်ရှောင်ပြည်သူ ခိုအောင်းနေတဲ့ စိန်ရတနာပရိယတ္တိစာသင်တိုက် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီး သံဃာတော် ၉ ပါး အပါအဝင် အနည်းဆုံး ၁၄ ဉီးသေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။