သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

နောင်ချိုမြို့အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်နေ

နောင်ချိုမြို့အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်နေ

Hsan Loi Editor
21/09/2024
Share:

 

TNLA နှင့်တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ရရှိထားသော နောင်ချိုမြို့အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် ပြူလုပ်လျက်ရှိကြောင်း သိရသည်။

 

ယနေ့ နံနက် (၇) နာရီခွဲအချိန်ခန့်၌ စစ်ကောင်စီတပ်က စစ်တပ်သုံးတိုက်လေယာဉ်ဖြစ်သည့် Y12 ဖြင့် နောင်ချိုမြို့ မြို့မဈေးအနီးတစ်ဝိုက်အား ဗုံး (၅) လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

 

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ဈေးအနီးရှိ လှသစ္စာထမင်းဆိုင်နှင့် လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

 

“ မနက်အစောကြီး တိုက်လေယာဉ်နဲ့ လာကြဲသွားတာဆိုတော့ ဘယ်သူမှ မထင်တဲ့အချိန်ကြီးပေါ့။ ညဈေးတန်းနားက ညောင်ပင်ပေါ်တစ်လုံးကျတယ် တော်သေးတာပေါ့ အပင်ပေါ်ကျလို့ မဟုတ်ရင် အထိအခိုက်တော်တော်များမှာဗျ။ ဈေးဆိုင်ခန်း၊ လူနေအိမ်တစ်အိမ်နဲ့ ထမင်းဆိုင်တစ်ဆိုင်ထိတယ်။” ဟု နောင်ချိုဒေသခံတစ်ဦးက HsanLoiVoice ကို စာရေးသား သတင်းပေးပို့ခဲ့သည်။

 

နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။