သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အား စက်တင်ဘာလ (၁၄) ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၃ လုံး ကြဲချတိုက်ခိုက်သွားခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့ တောင်ရပ်ကွက် ကံကြီးလမ်းအနီးအတွင်း လာရောက်ကြဲချခြင်းဖြစ်ပြီး လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့သည်။ နောင်ချိုမြို့အတွင်း ဒေသခံထွက်ပြေးတိမ်းရှောင်နေချိန်ဖြစ်သောကြောင့် လူထိခိုက်သေဆုံးမှုတော့ မရှိပါ။
စက်တင်ဘာလ ၁၃ ရက်နေ့တွင်လည်း နောင်ချိုမြို့အား စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၁၃ ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ နောင်ချိုမြို့အား TNLA နှင့် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ပြန်လည်တိုက်ခိုက်လာခြင်းဖြစ်သည်။
