နိုဝင်ဘာလ ၁၈ရက်နေ့ ည ၇နာရီ ၃၀မိနစ်ဝန်းကျသ် အတွင်း စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ် အင်းဝိုင်းရွာဘက်သို့ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ အင်းဝိုင်းသကြားစက်ဘက်ကို ဗုံးလာကြဲသွားတယ်။ အဲ့မှာရှိနေတဲ့အမျိုးသားတစ်ဦး ထိမှန်ပြီးတော့ သေဆုံးခဲ့ရတယ်။ ဂိုဒေါင်လည်းမီးလောင်သွားတယ်။” ဟု နောင်ချိုမြို့နယ် ညောင်ပင်သာကျေးရွာက ဒေသခံတစ်ဦးကပြောသည်။
ကြံခုတ်ရာသီရောက်ရှိနေပြီဖြစ်သောကြောင့် ကြံစက်ရုံကို ဗုံးကြဲတိုက်ခိုက်လာခြင်းကြောင့် ဒေသအတွင်းရှိ ကြံစိုက်တောင်သူများ ကြံခုတ်ရောင်းချနိုင်ခြင်းမရှိမည်ကို စိုးရိမ်လျက်ရှိသည်။
နောင်ချိုမြို့နယ်တွင် အုမ္မတီးရွာဘက်ကို TNLA ကပြန်လည်ထိုးစစ်ဆင်နေပြီး တနေကုန်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
