TNLA တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက နောင်ချိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သည့် ဒုံးတပ်ရင်း(၆၀၆) တပ်စခန်းကို အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ပြီး နောင်ချိုမြို့နယ်တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီလို့ မန္တလေး PDF က ဇွန် ၁၁ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားကြောင်း သိရပါသည်။
နောင်ချိုမြို့နယ်ရှိ ခမရ(၁၁၄)၊ ခမရ(၁၁၅)နှင့်အမတ (၆၀၆) တပ်စခန်းများမှ အတွဲလိုက်ပစ်ဒုံး လက်နက်တွေ အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ပြီး သုံ့ပန်းများကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း MDY-PDF ၏ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။
ထို့အပြင် လက်နက်ချအလင်းဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကောင်းမွန်စွာ ရှင်သန်နေထိုင်ခွင့် ပြုသွားမယ်လိုကတိ ပြုကြောင်း၊ လက်နက်မချသော တပ်စခန်းများကို မိမိတို့ ပုးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ ပြင်းပြင်းထန် ထန် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားမည်ဖြစ် ကြောင်း MDY-PDF စစ်ဦးစီးအဖွဲ့ က ဖော်ပြထား ကြောင်း သိရှိရပါသည်။
