သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

နောင်ချိုမြို့တွင် စစ်ကောင်စီမှ ဂျက်ဖိုင်တာဖြင့် ဗုံးကြဲမှုကြောင့် နေအိမ် (၇) လုံး ထိခိုက်ပျက်စီး

နောင်ချိုမြို့တွင် စစ်ကောင်စီမှ ဂျက်ဖိုင်တာဖြင့် ဗုံးကြဲမှုကြောင့် နေအိမ် (၇) လုံး ထိခိုက်ပျက်စီး

Hsan Loi Editor
12/11/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် နိုဝင်ဘာလ(၁၀)ရက် ညနေပိုင်းအချိန်က စစ်ကောင်စီမှ ဂျက်ဖိုင်တာဖြင့် ပေါင်(၃၀၀)ဗုံး ထပ်မံဗုံးကြဲမှုကြောင့် နေအိမ်(၇)လုံး ထိမှန်ပျက်စီးခဲ့ကြောင်း TNLA ထံမှ သိရသည်။

 

ဗုံးကြဲမှုကြောင့် ရဲစခန်း၊ စျေးရပ်ကွက်နှင့် တောင်ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ရဲစခန်းနှင့် စျေးရပ်ကွက်တွင် နေအိမ်(၄)လုံးနှင့် တောင်ရပ်ကွက်တွင် နေအိမ် (၃)လုံး ထိမှန်ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ(၄)ရက်နေ့တွင် နောင်ချိုမြို့နယ် မြောင်ဇီးရွာတွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် နေအိမ်အများအပြား ထိမှန်ပျက်စီးခဲ့သလို နိုဝင်ဘာလ(၂)ရက်နေ့တွင်လည်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာမှာ ဂျက်ဖိုင်တာဖြင့် (၃)ကြိမ်လာရောက် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၃)ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။