သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ ယနေ့ဇန်နဝါရီလ(၂၁)ရက် မွန်းလွှဲပိုင်း (၃း၀၀)နာရီဝန်းကျင်က စစ်ကောင်စီမှ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်မှ သိရပါတယ်။
စစ်ကောင်စီက ဗုံးကြဲမှုကြောင့် ထွေအုပ်ရုံးနဲ့ စည်ပင်ရုံး အနီးနားမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ရုံးနဲ့ ဒေသခံပြည်သူနေအိမ်များ ထိခိုက်ပိက်စီးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၃)ရက်နေ့ကလည်း TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်က မြို့ပြင်ရှိ တိုးဂိတ်အနီးမှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

Photo – cj