သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

နောင်ချိုနှင့် မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ရက်ထဲအတွင်း အရပ်သားပြည်သူ(၂၀)ဦး သေဆုံးပြီး (၂၄)ဦး ထိခိုက်ဒဏ်ရာရ

နောင်ချိုနှင့် မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ရက်ထဲအတွင်း အရပ်သားပြည်သူ(၂၀)ဦး သေဆုံးပြီး (၂၄)ဦး ထိခိုက်ဒဏ်ရာရ

Hsan Loi Editor
12/11/2024
Share:

 

ယနေ့ နိုဝင်ဘာလ(၁၂)ရက် နေ့လည်ပိုင်းအချိန်က နောင်ချိုမြို့ရှိ မြို့မစျေးနေရာတွင် စစ်ကောင်စီမှ ပေါင်(၅၀၀)ဗုံးလာရောက်ကြဲချမှုကြောင့် အရပ်သား ပြည်သူ(၁၁)ဦးသေဆုံးပြီး (၁၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA ထံမှသိရသည်။

 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူအများအပြား သေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်(၄)လုံး အပါအဝင် ခရီးသည်တင်ကားများလည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

 

အလားတူ ယမန်နေ့ နိုဝင်ဘာလ(၁၁)ရက်နေ့ ညသန်းခေါင်ယံအချိန်လည်း မိုးကုတ်မြို့တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံး(၅)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ(၉)ဦး သေဆုံးပြီး(၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီမှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်ရက်အတွင်း အရပ်သားပြည်သူ(၂၀)ဦး သေဆုံးခဲ့ရပြီး (၂၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

 

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေ ကြောင်း တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA မှ အသိပေးထားကြောင်း သတင်းရရှိသည်။