တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

နောက်ဆုံးခရီးကုသိုလ်အဖြစ် မျက်လုံးနှစ်ဖက်နှင့် ကျောက်ကပ်ကို လှူလိုက်သည့် ထိုင်းရောက် မြန်မာ‌ရွှေ့ပြောင်းအလုပ်သမားတဦး

နောက်ဆုံးခရီးကုသိုလ်အဖြစ် မျက်လုံးနှစ်ဖက်နှင့် ကျောက်ကပ်ကို လှူလိုက်သည့် ထိုင်းရောက် မြန်မာ‌ရွှေ့ပြောင်းအလုပ်သမားတဦး

ahadmin
15/11/2022
Share:

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်နယ်မြေရှိ ပရချားနုခေါ့ဆေးရုံ၌ မြန်မာရွေ့ပြောင်းအလုပ်သမားတဦးက အခြားလူနာတဦးဆေးကုသမှုခံယူနိုင်ရန်အတွက် ၎င်း၏မျက်လုံးနှစ်ဖက်နှင့် ကျောက်ကပ်ကို လှူဒါန်းဒါနပြုလိုက်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည့်သတင်း နာမည်ကြီးနေပါသည်။

အသက် ၄၃ နှစ်အရွယ် မြန်မာရွေ့ပြောင်းအလုပ်သမားတဦးသည် ကားအက်စီးဒင့် ပြင်းထန်ဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေရသူတဦးဖြစ်သည်။ ထိခိုက်ဒဏ်ရာပြင်းထန်မှုကြောင့် နောက်ပိုင်း ဦးနှောက်ချို့ယွင်းပြီး ပုံမှန်ဖြစ်သွားနိုင်တော့မည်မဟုတ်ကြောင်း ထိုင်းဆရာဝန်များက ၎င်း၏ မိဘဆွေမျိုးများထံ မှတဆင့် အသိပေးအကြောင်းကြားလိုက်သည်။ ၎င်း၏ကောင်းမွန်သောခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို ပြန်လည်လှူဒါန်းလိုပါက ဆေးရုံမှ လက်ခံကြောင်း ပြောကြားရာ သူ၏မိဘဆွေမျိုးအသိုင်းအဝိုင်းများကလည်း လက်ခံသဘောတူခဲ့ကြောင်း သိရသည်။

အဆိုပါရွေ့ပြောင်းအလုပ်သမား၏ မိခင်၊ ညီမဖြစ်သူနှင့် မိတ်ဆွေအပေါင်းအဖော်တို့က ၎င်း၏ နောက်ဆုံးကုသိုလ်တခုဖြစ်နိုင်စေရန် ရည်ရွယ် သဘောတူ လက်ခံလိုက်ကြပြီး ထိုင်းဆေးရုံ ဆရာဝန်များက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် သူ၏ မျက်လုံးနှစ်ဖက်နှင့် ကျောက်ကပ်တို့ကို ခွဲထုတ်ယူကာ ဘန်ကောက်ရှိ ကြက်ခြေနီဌာနသို့ လွဲပြောင်းပေးပို့ခဲ့သည်ဟု သိရသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် ထိုင်းကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲတဦးဖြစ်သူ ဒေါက်တာ အိုးဖတ့်ကန် ကဝီဖုန်းက ယခုကဲ့သို့ သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းကို အလှူဒါနပြုသည့်အတွက် ကျေးဇူးဥပကာရတင်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ လူလူခြင်း ကူညီသည့် အလှူဒါနလုပ်ငန်းတခုဖြစ်သည်ဟုလည်း ပြောပါသည်။ သို့သော် ယခုကဲ့သို့ အလှူဒါနပြုလုပ်မည်ဆိုပါက အလှူရှင်မသေဆုံးခင်နှင့် ၎င်း၏မိဘဆွေမျိုးများကိုယ်တိုင် သဘောတူလက်ခံပြီးမှသာ ဆက်လက်ဆောင်ရွက်ကြရမည့် အလှူဒါနဖြစ်သည်ဟု ပြောပါသည်။

#HsanLoiVoice
Ref: ThaiPBS, FM91Trafficpro, Lannapost, dailynews